Part 20( The end)

8.5K 152 9
                                    

ဒီလိုနဲ့ပဲ နန်းကိုယ်ဝန်ဟာလည်း ၇ လကျော်ထဲရောက်လာပြီဖြစ်သည် ဟန် ဟာနန်းကိုအသေးစိတ်လေးကအစ မျက်နှာတချက်မညှိုးရအောင် စောင့်ရှောက်ပေးသလို ခုဆိုလည်း ရုံကိုအရေးကြီးတဲ့နေ့မှသာ သွားပြီး နန်း အနားသာတချိန်လုံးကပ်နေတော့ မေမေတို့ဖေဖေတို့ကပါ ဟန့် ကိုအမြင်ကပ်နေကြပြီဖြစ်သည် နောက်တခုကတော့ နန်း ကိုယ်ဝန်ဆောင်လို့ စားလို့မရတဲ့အစားအသောက်တွေဆ်ု ဟန်က တစ်အိမ်လုံးဘယ်သူ့ကိုမှပေးမစားပါ တစ်ယောက်ယောက်စားတာမြင်ရင် နန်း စားချင်ပြီး ဝမ်းနည်းနေမှာစိုးလို့တဲ့လေ ကျမရဲ့ဟန်ဟာ အဲ့လိုပါလေ

" ဟာ နန်း ကလည်း အပေါ်ကနေ ဘာလို့ကိုယ့်ဘာကိုဆင်းလာရတာလဲ ဟန်လာခေါ်မှာကိုစောသ့်မနေဘူးကွာ "

ဆိုပြီး ပြောပြောဆိုဆိုနဲ့ ပြေးလာပြီး နန်း ကိုလာတွဲပေးသည်

" ဟန်ကလည်း နန်းသေချာထိန်းဆင်းနိုင်ပါတယ် ဘာမှမဖြစ်တာကို"

" မရဘူးလေ ဟန်မှစိတ်မချတာ ကိုနောက်ဆို ဟန်နဲ့မှလှေကားအတက်အဆင်းလုပ်ရမယ်နော်"

" ဟုတ်ကဲ့ပါ ဟန်ရယ်"

"ဟီးးချစ်လိုက်တာ နန်းကို နန်းကဗိုက်လေးပူလာလို့ ပြည့်ပြည့်တင်းတင်းလေးနဲ့ပိုပြီးချစ်ဖို့ကောင်းလာတယ် "

" ဟီးး ဟုတ်တယ်နော် နန်း ကကိုယ်ဝန်သာရှိလာတာ သူများတွေလိုအစားပျက်တာမျိုးမရှိပဲ မြင်မြင်သမျှအကုန်ကိုဆက်တိုက်စားနေတော့ တဖြည်းဖြည်းဝလာပြီ"

" အဲ့တာကောင်းတာပေါ့ နန်း ရဲ့ဒါပေမယ့်လေ နန်းဗိုက်လေးက သူများတွေ ၇ လဗိုက်လောက်သိပ်မပူဘူးနော် နန်း လည်း ဒီလောက်စားနေတာပဲကို ဟန်တို့ကလေးလေးက သေးသေးလေးဖြစ်လို့လားမသိဘူးနော်"

ထိုစဉ် မာမီကဝင်လာပြီး

" အမယ်လေး ဟန်ဆုရီရယ် အဲ့တာအပျိုဗိုက်မို့လို့သိပ်မပူတာဟဲ့ ဘယ်နှယ့်ကလေးကသေးရမှာတုန်း ပြောလိုက်ရင်ပေါက်ကရ"

" မာမီကလည်း ဟန် မှမသိတဲ့ဟာကို နော် နန်း မာမီကဟန့်ကိုလာအော်နေတယ်ဟင့်"

" ဟင့် ဟန်ကလည်း ကလေးကျနေတာပဲ "

" ဟန်က ကလေးပဲကလေးပဲ နန်းရဲ့ကလေးလေးလေနော် ဟီးး"

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now