.... အချစ်နဲ့ချောင်းဆိုးတာက အောင့်ထားလို့မရဘူးတဲ့ ဟုတ်မှာပါလေ...
လေဆိပ်မှာ လာစောင့်နေတဲ့ မောင့်ကိုမြင်တော့ သူဘာကိုမှမတွေးနိုင်တော့
မိဘတွေရှေ့ ဟန်မဆောင်နိုင်ဘဲ ပြေးဖက်လိုက်မိသည်က သက်သေပဲမဟုတ်လား...."မောင်က surprise ဖြစ်စေချင်လို့ ကြိုမပြောခဲ့တာ လွမ်းလို့သေသွားတော့မလားတောင်ထင်နေခဲ့တာ သိလား..."
ပွေ့ဖက်ချိန် မောင်ကလေသံတိုးတိုးကလေးနဲ့ နားနားပြောတော့ မောင့်ကိုဂရုဏာပိုမိပြန်တယ်
နောက်ထပ် ခရီးတွေသွား လည်ပတ်ရမယ်ဆိုရင်တော့ သေချာပေါက် မောင်နဲ့အတူတူသွားမယ်လို့ တွေးနေမိတယ်...."ခဏလေး ပေးစရာရှိတယ်...."
Shine သူ့အိတ်ထဲကခရုခွံလေးတွေထုတ်ပြီး vita လက်ထဲထည့်ပေးလိုက်တယ်....
"ကမ်းခြေသွားလည်တုန်းက shine ကိုယ်တိုင်ကောက်လာတာလေ သီးသန့်လက်ဆောင်...."
လက်ထဲက ခရုခွံလေးတွေကို ဂရုတစိုက်ကိုင်ထားတဲ့ မောင့်မျက်နှာပေါ်က ပီတိပြုံးကလေးကိုမြင်တော့ shine ပျော်ရွှင်လာတယ်....
"သွားရအောင် အိမ်ပြန်ကြမယ်...."
Shine vita ရဲ့လက်မောင်းကိုချိတ်တွဲပြီး ကော့တောကော့တော့နဲ့ အပြင်ဘက်ဆီဦးတည်လျှောက်လိုက်တယ်..
"သားငယ် နေ နေဦးလေ ပစ္စည်းတွေထားခဲ့မလို့လား မေမေတို့နဲ့အိမ်ပြန်မလိုက်တော့ဘူးလား"
မေမေ့ shine အသံကြားမှ သတိ၀င်ပြီး ရှက်ကိုးရှက်ကန်းအထုတ်တွေလှည့်ယူရတယ်...
သို့သော် vita ကအသယ်မခံ ရှိသမျှအထုတ်တွေသူချည်းသယ်ပေးပြီး shine ကိုတော့ သူ့လက်မောင်းကိုသာတွဲစေသည်....
မိဘတွေမှာလည်း သူတို့နှစ်ယောက်ကို ပြုံးပြီးကြည့်နေရုံသာတက်နိုင်တော့သည်....
"ဖေကြီး သားကူသယ်ပေးရဦးမလား...."
Vita shine အဖေဆီလှမ်းပြီး လောကွတ်ပြုတော့ shine အဖေကခေါင်းတယမ်းယမ်းနဲ့ သူတို့ကိုသာအရင်သွားစေတယ်....
"မေမေနဲ့ဖေကြီး သား vita နဲ့အတူပြန်လိုက်တော့မယ် အိမ်ရောက်ရင်ဖုန်းဆက်လိုက်မယ်နော်...."