" ကျုံး ... ငါနဲ့ ဂျယ်ယွန်း ဘယ်သူ့ကို ပိုချစ်လဲ "
ဆောင်းဟွန်း အသက် ရှစ်နှစ်ကတည်းက ဒီမေးခွန်းကို ဆက်တိုက်မေးခဲ့ပြီး .. အဲ့သလို မေးလိုက်တိုင်းလည်း ဂျုံဆောင်းလေးက " အဖေနဲ့ အမေ ဘယ်သူ့ကို ပိုချစ်သလဲ " လို့ အမေးခံရတဲ့ သားလေးလိုမျိုး ဘာပြန်ဖြေရမှန်း မသိဖြစ်သွားတတ်တယ်။ တစ်ခါတစ်လေကျ " ဂျယ်ယွန်းနား .. ဆောင်းဟွန်းက ထူးထူးဆန်းဆန်းတွေ လာမေးနေတယ် " ဆိုပြီး ဂျယ်ယွန်းနားကို တိုးကပ်ပြီး ဂျီသွားကျနေတတ်တယ်။ သေချာတာကတော့ ဒီနေ့အထိ ဆောင်းဟွန်းက အဲ့ဒီ မေးခွန်းရဲ့ အဖြေကို ပြန်မရသေးပါဘူး။
˚⋆𓇼˚⊹ 𖦹 ⁺。° goodbye summer ˚⋆𓇼˚⊹ 𖦹 ⁺。°
ဆောင်းဟွန်း အသက် ခုနစ်နှစ်။
မူကြိုကျောင်း ပြီးသွားလို့ မူလတန်းကျောင်းကို ပြောင်းရတဲ့အခါ ပါးဖောင်းဖောင်း ဆံပင်အုပ်အုပ်လေးနဲ့ အရမ်း အဆော့သန်တဲ့ သူငယ်ချင်း သေးသေးလေး တစ်ယောက်နဲ့ တွေ့တယ်။ သူငယ်ချင်းလို့ပဲ တစ်ဖက်သတ် သတ်မှတ်လိုက်တာပေမယ့် တကယ်တမ်းကျ သူ့ကို စကားလိုက်ပြောတာရော၊ မုန့်လိုက်ကျွေးတာရော အကုန် ဂျုံဆောင်းလေးဘက်က စပြီး လုပ်ခဲ့တာချည်းပဲ။ ဆောင်းဟွန်းကတော့ အဲဒီ့အရွယ်ကတည်းက ဂျုံဆောင်း ဘာလုပ်လုပ် မျက်လုံးရွဲကြီး ပြန်စိုက်ကြည့်ဖို့ပဲ သိခဲ့တာ။
" နီခိုးလ်တို့နဲ့လည်း တူတူစားမယ်လေ။ မေမေက သူငယ်ချင်းတွေနဲ့ မျှဝေပြီး စားတဲ့ "
နေ့တိုင်း သူတစ်ယောက်တည်းကိုပဲ ခွဲကျွေးနေကျ ပူတင်းပေါင်မုန့်လေးကို ဂျုံဆောင်းက နီခိုးလ်ဆိုတဲ့ ထိုင်ဝမ်ကောင်လေးနဲ့ပါ မျှစားဖို့ လုပ်တဲ့အခါ ဆောင်းဟွန်းစိတ်ထဲ ဗလာကျင်းသွားတယ်။ စကြာဝဠာ အပြင်ဘက်ကို လွင့်ထွက်သွားသလိုမျိုး။ သူ့ကမ္ဘာက အလင်းရောင် အကုန် ပျောက်ကွယ်သွားသလိုမျိုး။ တစ်လောကလုံးက အောက်ဆီဂျင်တွေ ကုန်ဆုံးသွားသလိုမျိုး။ သူ ဒီလောကကြီးထဲ ရောက်လာတာ ခုနစ်နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ရှင်သန်လာတဲ့ ခုနစ်နှစ်တာ ကာလတစ်လျောက်မှာ ဒီအခိုက်အတန့်ဟာ သူ့အတွက် စိတ်ထိခိုက်စရာ အကောင်းဆုံးပဲ။
YOU ARE READING
Goodbye Summer ✓
FanfictionA summer that he lost someone who wasn't even his. [Written in Burmese] Jayhoon day fundraising fanfic.