အပိုင်း(၈၀၆) မေ့နေသော မှတ်ဉာဏ်
"မီးဖီးနစ်...”
ရွှယ်ရီဖေး၏ မျက်လုံးများမှာ တောက်ပသွား၏။ မာ့ကျန်းက ခေါင်းညိတ်လိုက်သည်။
“နောက်ပြီး သူတို့က မြေကြီး ရှန့်ထိုနဲ့ အတူ ပျောက်ကွယ်သွားတယ်... လက်ရှိ တည်နေရာကို မသိရဘူး”
လူအိုကြီး၏ အသံက အနည်းငယ် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်နေ၏။ အကယ်၍ ထိုအရာသာ အမှန် ဆိုပါက ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်၏ မျိုးဆက် တကယ် ဖြစ်နေသည်လော။ ထို့အပြင် မြေကြီး ရှန့်ထိုမှာ အာကာသ ဝေဟင်ဂိုဏ်း၏ သက်တံ့တံတားကို အသုံးပြုခဲ့သေးသည်ဟု ဆိုသည်။ လွန်ခဲ့သည့် ခြောက်နှစ် အတွင်း ဝေ့ဝူယင်မှာ အာကာသ ဝေဟင်ဂိုဏ်းကို ရောက်ရှိနေသည်လော။
‘သူ့မှာ ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်လည်း ရှိသေးတယ်...’
မာ့ကျန်း၏ အမူအရာက ပိုမို၍ သုန်မှုန်လာ၏။ လွန်ခဲ့သည့် နှစ်များ အတွင်း... ထာဝရ ကြယ်တာရာ နယ်မြေသားများထံမှ စုစည်း ရရှိလာသည့် အချက်အလက်များကို သူ ပြန်လည် စဥ်းစားကြည့်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်၏ နောက်ခံနှင့် ပတ်သက်၍ မည်သည့် ထူးခြားချက်ကိုမှ သူ မတွေ့ပါချေ။
အကယ်၍ ထိုလူငယ်လေးသာ အာကာသ ဝေဟင်ဂိုဏ်းက ဆိုပါက ထန်ကလန်ကို ထိုကဲ့သို့ တိုက်ခိုက်လိမ့်မည် မဟုတ်ပါချေ။ မည်သို့ပင် ဆိုစေ... တန်ခိုးရှင် အဆင့် ဂိုဏ်းကြီးများ အကြားတွင် လျှို့ဝှက် ကျိန်စာများ ရှိနေသည် မဟုတ်ပါလား။
ဝေ့ဝူယင်၏ ဇစ်မြစ်က အလွန်ပင် လျှို့ဝှက် ဆန်းကြယ် လှသည်။ သူ၏ အခြေခံ၊ ပါရမီ၊ ကျင့်ကြံခြင်း အုတ်မြစ် အားလုံးက သူ့အသက်အရွယ်နှင့် ယှဥ်လျှင် အထင်ကြီးစရာ ကောင်းလွန်းလှသည်။ ထို့အပြင်... သူက အသက်ငါးဆယ် မပြည့်သေးခင်မှာပင် မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်လည်း ဖြစ်နေပြန်သေးသည်။
“သူက အဲဒီလူကြီးရဲ့ မျိုးဆက် ဖြစ်နိုင်ချေရှိတယ်... ဒါပေမဲ့ သေချာ ပြန်စဥ်းစားတော့လည်း မဟုတ်ပြန်ဘူး... အာကာသ ဝေဟင်ဂိုဏ်းကရော သူနဲ့ ဘာပတ်သက် နေတာလဲ...”
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Приключенияအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...