(103.2) ဒီတော့ ရှန်ကော ..ကောက တရားဝင်ချပြမှာလား?
ဟန်ချောင် သူနဲ့အတူ တစ်ညနေလုံးအတူနေပေးခဲ့ပြီး ညဘက်ရိုက်ကူးရေးအတွင်းပါ စောင့်နေပေးခဲ့တယ်။ ညကိုးနာရီထိုးပြီး ရှန်ချင်းရှုအလုပ်သိမ်းချိန်ရောက်မှသာ သူတို့တွေ အတူပြန်လာခဲ့ကြတယ်။
ရလဒ်ကတော့ သူတို့ခြေလှမ်းအနည်းငယ်လျှောက်ပြီးချိန်မှာပဲ ပိုင်ကျန်းကိုမြင်လိုက်ရတယ်။
ပိုင်ကျန်း သူ့ရှေ့မှ လူနှစ်ယောက်ကို စိုက်ကြည့်ကာ စိတ်ဓာတ်ကျသွားရတယ်။ ဒီနေ့မွန်းလွန်းပြီးချိန်မှာ သူ ဟန်ချောင်ထံမှ အဃာတအထားခံလိုက်ရတယ်။ ဒီတော့ သူသိပ်ပြီး စကားမပြောချင်တော့ဘဲ ဘေးကိုလှည့်ကာ ထွက်သွားဖို့ပြင်လိုက်တယ်။
သို့ပေမဲ့ ဟန်ချောင်က သူ့ကိုတားဆီးလာတယ်။
ပိုင်ကျန်းက အံ့သြစွာပြန်လှည့်လာပြီး ဒီတစ်ခါရော သူဘာတွေပြောချင်နေတာလဲလို့ စိုးရိမ်နေခဲ့တယ်။
ရှန်ချင်းရှုသည်လည်း စိတ်ရှုပ်သွားရကာ ဟန်ချောင်ကို စူးစမ်းကြည့်လာတယ်။
ဟန်ချောင် ရှန်ချင်းရှုရဲ့လက်ကိုဆွဲကာ ပိုင်ကျန်းထံကို လျှောက်သွားလိုက်တယ်။ ကိုးနာရီကျော်ပြီဖြစ်လို့ အနုပညာရှင်အများစုက ပြန်သွားခဲ့ပြီ။ ကျန်ရှိနေတဲ့ အနုပညာရှင်တွေနဲ့ဝန်ထမ်းတွေကတော့ ကင်မရာအနီးမှာပဲ ညဘက်ရိုက်ကူးရေးကိုစောင်နေခဲ့ကြတယ်။ ဒီတော့ သူတို့အနားမှာ ဘယ်သူမှရှိမနေဘူး။
ပိုင်ကျန်း ဟန်ချောင်ရဲ့လှုပ်ရှားမှုကို သတိပြုမိတယ်။ သူက ဟန်ချောင်နဲ့ ရှန်ချင်းရှုတို့ရဲ့ ဆုပ်ကိုင်ထားတဲ့လက်တွေကိုကြည့်ကာ ဟန်ချောင်ပြောခဲ့တဲ့စကားကိုမှတ်မိလာတယ်:
"ငါ ရှန်ချင်းရှုကိုကြိုက်တယ်"သူက တကယ်ကြီး ရှန်ချင်းရှုကိုကြိုက်တာလား?
အခုတော့ တကယ်မှန်ကန်နေတဲ့ပုံပဲ။
"ငါ ချင်းချင်းကိုဖွင့်ပြောပြီးသွားပြီ"
ဟန်ချောင် လေသံတိုးတိုးနဲ့ပြောလိုက်တယ်။
"ချင်းချင်းကသဘောမတူသေးပေမဲ့ သူ ငါ့ကိုလိုက်ခွင့်ပေးခဲ့တယ်.. ဒါကြောင့် မင်းကိုကျေးဇူးတင်ရမယ်.. ငါအချိန်အကြာကြီး သဘောကျချစ်ကြိုက်နေတဲ့သူက သူဆိုတာကို ဒီနေ့မှာ နားလည်သွားအောင် လုပ်ပေးခဲ့လို့ကျေးဇူးပဲ.. သူက ငါထင်ထားခဲ့တာထက် အများကြီးပိုကောင်းတဲ့လူတစ်ယောက်ဆိုတာကိုလည်း သိခွင့်ပေးခဲ့လို့ ကျေးဇူးပဲ"
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer