တစ်ဖက်သက်အတွေးတွေဟာတတ်တတ်စင်အောင်လွဲမှားကြောင်း ယခု ပစ္စုပ္ပန်မှာရှိနေတဲ့ ရူဘီဟာ စကားနဲ့သော်လည်းကောင်း အမူအရာနဲ့သော်လည်းကောင်းထုတ်ဖော်ပြသနေသည်။
ချိစ်ကိတ်ဝါးရင်းလွင့်သွားတဲ့အတွေးတွေဟာ ပြန်ပြီးလက်ရှိရောက်လာချိန်မှာတော့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ရူဘီဟာ ကိုယ့်ကိုစိုက်ကြည့်နေသည်။
"ဘာ ဘာလဲဟ"
"ရှင်ကဘာကိစ္စဆွေးမြေ့တဲ့ပုံနဲ့သက်ပြင်းခဏခဏချနေရတာလဲ ရည်းစားဟောင်းကိုလွမ်းလို့လား"
"ဟ ဘယ်ကရည်စားလဲ ငါ့နားမှာမင်းပဲတစ်ချိန်လုံးရှိနေတာ ဘယ်ချိန်ငါကရည်းစားထားရမှာလဲ ကလေးအဖေကြီးလိုသွားလေရာ မင်းကဘောင်းဘီစဆွဲပြီးလိုက်နေခဲ့တာလေ"
"ဘာပြောတယ်"
"ကြားတဲ့အတိုင်းပဲ"
"စေတနာရှိအောင်မပြောဘူး ပါးချချင်စရာစကားတွေပဲပြောနေလိုက်"
"မင်းကအရင် ကိုယ့်ကိုရန်စတာပါရူဘီ"
"ရန်စတယ်ပြောရအောင် ကျွန်မက ရှင့်ရန်သူလား ကလေးကလားနဲ့"
"မင်း...."
"မာမီ"
ရူဘီကို ပြောမည်ဟု လက်ညိုးရွယ်ကာမှ ကြားလိုက်ရတဲ့သမီးငယ်လေးအသံကြောင့် စိတ်ထိန်းကာ
"လီရာလေး လိုက်လာတာလား ဘယ်လိုရှာတွေ့လဲသမီးလေး"
"မာမီနဲ့မာမား ကြာနေလို့လေ ကိုကိုနဲ့အတူတူလိုက်ရှာနေရင်း ဒီဆိုင်ရှေ့ကားခဏရပ် တော့ မာမီ့ကိုတွေ့လို့"
"ဟုတ်လား အခုက Taxi နဲ့လာတာလား သမီးနဲ့ကိုကိုနဲ့က"
"ဟုတ်တယ် ကော်ဖီဆိုင်မှန်သမျှလိုက်ရှာနေတာလေမာမီ ပါရီမြို့နှံ့တော့မယ် ကားလျှောက်စီးနေတာ ဟိ ဟိ"
မာမီကပြုံးရင်း လီရာ့ခေါင်းကိုခပ်ဖွဖွပွတ်ပေးနေသည်။ မာမားကတော့ ထိုင်ကြည့်နေသည်မှာ မဆိုင်သလို ခပ်အေးအေး။။
ထွက်သွားတာတအားကြာနေပြီမို့ ဆိုင်တစ်ဆိုင်ဆိုင်မှာရန်ဖြစ်နေပြီလား စိတ်ဆိုးပြီး တစ်ယောက်ယောက်ကများထပြန်ပြီလားနဲ့ကြောက်ခဲ့ရတာ။
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanfictionလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)