Lord Of Egypt - Episode (57) "Season (1) End"

312 7 2
                                    

အယ်လ်စင်-"အား ငါ့ခါး!!"

၂ရက်တိတိတောင်ကြာသွားပြီဖြစ်သော်လည်းခါးအောက်ပိုင်းကအခုချိန်ထိနာကျင်နေသေးသည်..တော်သေးတာကပူဇော်ပွဲကဒီနေ့မှစတင်ကျင်းပမှာဖြစ်တာကြောင့်ကြားထဲမှာ၂ရက်ကအိပ်ယာထဲမှာလှဲနေလို့ရသည်...ဒါတောင်ကောင်းကောင်းအိပ်ရသည်မထင်နှင့်..ချစ်လှစွာသောအရှင်မင်းကြီးကအနားမှာကလေးလိုအတင်းကပ်တွယ်နေပြီးနားကိုက်လိုက်ပခုံးနမ်းလိုက်လုပ်နေလို့အတင်းဖယ်ထုတ်နေတာနဲ့မအိပ်လိုက်ရတာတစ်နေ့လုံးနီးပါးဖြစ်သည်...ဒီနေ့ပူဇော်ပွဲစတင်ပြီဖြစ်တာကြောင့်အိပ်နေလို့မရတော့ပေ..ပူဇော်ပွဲအတွက်လိုအပ်တာမှန်သမျှကိုဟက်ဇာနဲ့အတူတိုင်ပင်ဆွေးနွေးပြီးဝိုင်းဝန်းဆောင်ရွက်ပေးနေသည်..ဝင်ကူညီပေးရင်းပူဇော်ပွဲရဲ့အသေးစိတ်မှန်သမျှကိုမှတ်စုထဲမှာထည့်သွင်းရေးသားနိုင်မည်ဖြစ်သည်......ဟက်ဇာ့စီသွားနေရင်းရုတ်တရက်အမှောင်စွမ်းအားတစ်ခုကိုအာရုံရမိလိုက်တာကြောင့်ရုတ်တရက်ရပ်တန့်လိုက်ပြီးဓားမြှောင်ကိုအဆင်သင့်ဆုပ်ကိုင်ထားသည်...ဘေးဘယ်ညာကိုအသာလေးဝေ့ဝဲကြည့်တာဘာအကောင်အထည်ကိုမှမတွေ့ရပေမယ့်စိတ်ထဲမှာအမှောင်စွမ်းအားကအရမ်းကိုနီးကပ်လာပြီဆိုတာကိုသူ့ရဲ့ပင်ကိုစွမ်းအားကြောင့်ကောင်းကောင်းသတိထားမိနေသည်..ရုတ်တရက်ပုခုံးကိုလှမ်းပုတ်တာကြောင့်ထိုလက်ကိုအတင်းချုပ်ပြီးမြေပြင်ကိုကိုင်ပေါက်ပစ်လိုက်ပြီးဓားမြှောင်နဲ့ရွယ်လိုက်ပေမယ့်ထိုလူကိုမြင်တော့အရမ်းအံ့​သြသွားမိသည်..

ဟက်ဇာ-"အားငါ့ခါး!!!!!..မင်း!!!!..မင်းဘယ်အချိန်ကတည်းကငါ့ကိုသတ်ဖို့ကြံစည်နေတာလဲဟမ်!!!!..မင်းတော်တော်​ကို!!!!..အောင်မလေးငါ့ခါး!!!!!"

အယ်လ်စင်-"ကျွန်....ကျွန်တော်ဟက်ဇာမှန်းမသိလို့ပါ....ရုတ်တရက်ကြီးပုခုံးကိုလာပုတ်တော့ကျွန်တော်လည်းလန့်သွားတာ....ထ...ကျွန်တော်ဆွဲထူပေးမယ်.."

ဓားမြှောင်ကိုပြန်ရုတ်သိမ်းပြီးဟက်ဇာ့ကိုအသာအယာပြန်ဆွဲထူပေးတော့အဘိုးကြီးဟက်ဇာကသူ့ခါးကိုကိုင်ပြီးညည်းညူဆဲဆိုနေတော့သည်...ရူံ့မဲ့နေတဲ့ဟက်ဇာမျက်နှာ့ကိုကြည့်ပြီးရယ်ချင်မိပေမယ့်မရယ်မိအောင်ကြိုးစားထိန်းချုပ်ထားရသည်...မဟုရင်ဟက်ဇာ့ရဲ့လက်သီးတွေကိုယ့်မျက်နှာပေါ်ကိုဆက်တိုက်ကျရောက်လာနိုင်သည်..

"Lord Of Egypt"(အီဂျစ်ပြည်ရဲ့အရှင်သခင်) Season 1 CompleteWhere stories live. Discover now