Episode 12(Uni+ZW)

58 1 0
                                    

Episode 12

"ကလေး ထတော့အိမ်ရောက်ပြီ...."

"အွန်း....အင်း..."

မိုးဦးမျက်လုံးများဆီသို့လက်လှမ်းရန်အလုပ်တွင် တစ်စုံတစ်ခုကဟန့်တားလိုက်တော့သည်၊၊

"မျက်လုံးမပွတ်နဲ့လေကလေးရဲ့ Tissueလေးနဲ့သုတ်"

ထို့နောက်အိမ်ထဲသို့ဝင်လာကြတော့သည်၊၊မိုးဦးကတော့နတ်သမီးပြောသည့်စကားကြောင့်စိတ်ထဲရွှင်ပျပျဖြစ်နေသလို ဝမ်းနည်းသလိုလည်းဖြစ်နေပြန်သည်၊၊နှစ်ယောက်သားရေချိုးကာ မနက်စာစားရန်အပြင်ပြန်ထွက်လာတော့သည်၊၊

"မနက်စာဘာစားမလဲ အုန်းနို့ခေါက်ဆွဲပဲလား"

မူလဇာတ်ကားထဲကမိုးဦးတိမ်စိုင်သည်မနက်စာကိုအုန်းနို့ခေါက်ဆွဲစားရသည်မှာအလွန်ကြိုက်လေသည်၊၊ထို့ကြောင့်မာနကမေးခြင်းဖြစ်သည်၊၊သို့သော်ယခုမိုးဦးကတော့အုန်းနို့ပါသောအစားအစာမှန်သမျှကိုအရမ်းမုန်းပါသည်၊၊အုန်းနို့ဆိုလျှင်ဘာဖြစ်ဖြစ်မစားချင်တော့၊၊ထို့ကြောင့်အိမ်မှာအလှူတစ်ခုခုလုပ်ရင်အုန်းနို့ခေါက်ဆွဲကိုမချက်ပေ၊၊မိုးဦးကအစားမရွေးသော် အုန်းနို့ကိုတော့တအားမုန်းပါသည်၊၊

"အမြဲဒါကြီးပဲစားရင်လည်း ရိုးအီနေပြီ....ဒီနေ့တော့တို့ဟူးနွေးစားမယ်!!!"

"ဟုတ်ပြီလေ ဟိုဆိုင်မှာတို့ဟူးနွေးစားကောင်းတယ် ခေါ်သွားပေးမယ်နော်"

ထို့နောက်မာနက"The BeSt Foods"ဆိုတဲ့ဆိုင်တွင်ကားပါကင်ထိုးပြီးနောက် ဆိုင်အတွင်းသို့ဝင်လာကြသည်၊၊သို့သော်ဝင်ဝင်ချင်းမှာပင်အမျိုးသမီးတစ်ယောက် သူတို့ကိုကြည့်နေသည်ကိုတွေ့လိုက်ရတော့သည်၊၊

"ဟင်...မနီနီမြင့်အိမ်မဟုတ်လား"

"......"

နီနီမြင့်အိမ်ကသူတို့ဆီလာပြီး

"တောက်!မာနမင်းခိုက် နင်ကငါ့မောင်လေးကိုကျအိမ်မှာသေသေရှင်ရှင်ပစ်ထားခဲ့ပြီး နင်ကတော့ဒီမှာလာdateနေတယ်ပေါ့လေ နင်တအားလူပါးဝတာပဲအကောင်ရဲ့!"

ထို့နောက်မိုးဦးဘက်ကိုပါလှည့်ပြီး

"မိုးဦးတိမ်စိုင်!နင်ကရော ဘာလို့လာသာယာနေလဲ ငါ့မောင်လေးကအိမ်မှာနေမကောင်းဖြစ်ပြီး မူးလဲနေတဲ့အချိန် နင်ကလာပြုံးပျော်နေတယ်ပေါ့ဟမ် နင်တို့ကအကျင့်ယုတ်တဲ့လူတွေ ကိုယ်ချင်းစာစိတ်မရှိတဲ့လူတွေ အား......"

ကိုကိုနဲ့တွေ့ဆုံမှုကဆန်းကြယ်သား(ongoing)Where stories live. Discover now