BWL part 8

5 1 0
                                    

အခြေအနေမှာတင်းမာနေသည်ဟုထင်သောကြောင့် တည်ကြည်ခေါင်းမဖော်ရဲပါ။ဘာကို စိတ်တိုနေမှန်းမသိသော မေမေနှင့် မကြာမီရောက်လာတော့မယ့် ဦးလေးဖြစ်သူတို့ကြား ဘာတွေပြောကြမည်ကိုသူမသိပါ။နားထောင်ခြင်စိတ်လည်းမရှိ။

"ခင်သက်လွင်"

"အကို ကျွန်မပြောမယ်"

ရောက်လာလာခြင်းပင် တင်းမာနေသည့်ပုံစံ။ဦးလေးက ဘာကိုဒေါသထွက်နေမှန်း မသိပင်မဲ့ သူ၏သားဖြစ်သူ ထင်သစ်အကြောင်းတော့ပါမည်ဆိုတာ သေချာသည်။

"တည်ကြည်"

"ဗျာ "

"ထင်သစ်က ဘယ်လိုဖြစ်တာလည်း"

"ကျွန်တော်ဘာမှမသိဘူး မနေ့ညနေက ကျွန်တော် ကျူရှင်ကပြန်တော့ သူက သွားစရာရှိသေးလို့ ပြန်နှင့်ဆိုပြီး ကျွန်တော့ကို အရင်အိမ်ပြန်လွှတ်လိုက်တာ"

"အေး ခုမင်းညီကို လာကြည့်စမ်း။အထိုးခံလာရတာကွ ဘယ်သူထိုးတာလည်းလို့ မေးတော့လည်း မဖြေဘူး။မနေ့ညနေက အိမ်ပြန်ရောက်တော့ ခွေပြီးတော့ကိုလဲကျသွားတာ"

"ဗျာ ထင်သစ်က။သူပြန်မထိုးဘူးလား"

အမြဲတမ်းကိုယ့်ကိုယ်ကို ကာကွယ်တတ်သောထင်သစ်က ထိုသို့အထိုးခံလာခဲ့ရသည်ကို သူမယုံနိုင်ပါ။

"မထိုးလို့ပေါ့ မင်းကရော ဘာတွေဖြစ်နေတာလည်း မီးလောင်နေတဲ့အဆောင်ထဲကိုပဲ ပြေးဝင်သွားရသေးတယ်။တော်တော် သတ္တိတွေကောင်းနေလား"

"မီးက ကျွန်းတောမှာလောင်တာပါ။ကျောင်းကို မကူဘူး"

တကယ်လည်းမီးက အန္တရာယ်ရှိလောက်သည်ထိ လောင်တာမဟုတ်သည်ကို သူသိသည်။ထို့ကြောင့်ပင် ဝင်သွားခဲ့ခြင်းဖြစ်မည်ဟု သူ့ကိုယ်သူထင်သည်။

"မင်းငါ့ကို ပြန်မပြောနဲ့ဟေ့ကောင် ငါအသံတွေမကျယ်ခြင်ဘူး ဘေးအိမ်တွေရှိတယ်"

"ဟုတ်ကဲ့ပါ လေးလေး ကျွန်တော်နားလည်ပါတယ်"

"အေး နားလည်မှပဲ ငါသွားတော့မယ် တခြားအိမ်တွေ သတိမထားမိစေနဲ့"

"ခင်သက်လွင် ငါ့အိမ်ခနလိုက်ခဲ့ နင့်တူကို နင်နဲ့နင့်အစ်မ စောင့်ကြည့်ပေးရမယ်"

Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi Where stories live. Discover now