Ch-51: တိုက်ဆိုင်မှု။

600 69 0
                                    


 Ch-51: တိုက်ဆိုင်မှု။

ယင်ထောင်က ထိုလူငယ်က အသက် ၂၀ကျော်သာရှိမည်ဟု ခံစားမိသည်။ သူ၏မျက်နှာသွင်ပြင်မှာ အတော်လေးနုနယ်သော်လည်း နည်းနည်းပိန်လွန်း၏။ သူ့မျက်နှာလေးက ပုံမှန်ထက်ဖျော့၏။

ရဲများ မြန်မြန်ဆန်ဆန်ရောက်လာခဲ့တယ်။ဖန်ကျင်းထံမှ အခြေအနေကိုသိရှိပြီးနောက် သူတို့ ဆံပင်ရွှေအိုရောင်ကို ရဲစခန်းသို့ခေါ်သွားခဲ့တယ်။မူလက ရဲများသည် ပိန်သွယ်သွယ်ကောင်လေးကို အခြေအနေကိုမှတ်တမ်းတင်ဖို့ ရဲစခန်းကို ခေါ်သွားချင်ပေမဲ့ သူ့ညီမလေး အိမ်မှာ တစ်ယောက်တည်းကျန်ရစ်မည်ကို စိုးသောကြောင့် ရဲတွေက နောက်တနေ့မနက်တွင် ရဲစခန်းကိုလာခဲ့ဖို့ ခွင့်ပြုပေးခဲ့တယ်။

ယင်ထောင်က ရဲများကိုတွေ့သောအခါ ပိန်လှီသောလူငယ် ပို၍ပင်ကြောက်နေသည်ကို သတိပြုမိခဲ့တယ်။ ယင်ထောင် နည်းနည်းဇဝေဇဝါဖြစ်သွား၏။သူစိမ်းတစ်ယောက်၏ အနိုင်ကျင့်ခံရပြီးနောက် ရဲများကိုမြင်လျှင် စိတ်သက်သာရသင့်တာမဟုတ်ဘူးလား?

ယင်ထောင် က ထိုလူငယ်လေး၏အပြုအမူကို သံသယရှိနေခဲ့ပြီး လူငယ်အနားသို့ ချဉ်းကပ်၍မေးလိုက်၏။ "နေမကောင်းပုံပဲ၊ ကျွန်မတို့ အိမ်ပြန်လိုက်ပို့ပေးမယ်"

ထိုလူငယ်က ခေါင်းခါယမ်း၍ ယင်ထောင်ကို "ဒုက္ခရှာလို့ဗျာ၊ ကျွန်တော့်အိမ်က ဒီနေရာနဲ့ တော်တော်ဝေးတယ်။ ကျွန်တော့်ဟာကျွန်တော်ပဲ ဘတ်စ်ကားနဲ့ပြန်ပါ့မယ်"

ယင်ထောင်က ထိုလူငယ်လဲ မေ့လဲတော့မည်ဟု ခံစားမိသည်။ဒါ့အပြင် သူမတွင် သူ့ကို မေးစရာရှိသောကြော်င့ ဖန်ကျင်းကို အကြည့်တချက်ပေးကာ လူငယ်လေးကိုပြောလိုက်သည်။ "ကျွန်မတို့ ရှင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ်၊ အိမ်က ရှင့်ရဲ့ညီမလေးကို စိတ်ပူနေတာမဟုတ်လား? အိမ်စောစောပြန်တာ ပိုကောင်းတယ်"

ထိုလူငယ်လေးက ယင်ထောင်ပြောတာကြားတော့ နည်းနည်းစိတ်ယိုင်သွား၏။သူ့ညီမလေးကို သူတကယ်စိတ်ပူနေသလို သူ့ရှေ့က ကောင်မလေးက မကောင်းသည့်လူနှင့်မတူပေ။ထိုလူငယ်က ခေါင်းညိတ်၍ ယင်ထောင်ကို ကျေးဇူးတင်စကားပြောခဲ့တယ်။

စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။Where stories live. Discover now