38

37 4 0
                                    

UNICODE











"အဲ့ဒီ တစ်ယောက်ရော အဆင်ပြေရဲ့လား"

အရေးပေါ်အခန်းရဲ့ အပြင်ဘက်တွင်။ ဂျဲယ်မင်က မှန်နံရံကိုဖြတ်၍ ကုတင်ပေါ်တွင် ဖြူဖျော့စွာ လဲလျောင်းနေသော ပုံရိပ်ကို ငေးကြည့်နေသည်။ ဒေါက်တာစစ်ချန်းက ကော်ဖီသုံးခွက် ယူလာပြီး ဂျဲယ်မင်နဲ့ ချင်းယန်ကို တစ်ခွက်စီ ကမ်းပေးလိုက်သည်။

"ပြေပါတယ်... ပခုံးမှာ ဒဏ်ရာတစ်ချက် ရသွားတာရယ်။ အကြောဆိုင်းဆေး မိထားထားရယ်။ ပြီးတော့ သေလောက်အောင် ဒေါသထွက်နေတာရယ် အဲ့တာကလွဲရင်"

ဂျဲနိုက ယုတထံရဲ့ နော့ဒါချီဓားသွားစာ တစ်ချက် ထိသွားခဲ့သည်။ ထို့နောက် သူကလည်းယုတကို ပစ်ခဲ့သည်။ သို့သော် တိုကျိုဌာနမှူးက အစကတည်းက ကျည်ကာတစ်ထပ် ဝတ်ထားပြီး ဖြစ်သည်။ ထို့အပြင်သူက ကြမ်းပြင်ပေါ်တွင် သဘာဝကျကျနဲ့ ပီပီပြင်ပြင် လဲကျပြခဲ့သေးသည်။ သူ့ သရုပ်ဆောင်မှုများကို ဂျဲနိုက အသိအမှတ်ပြုရန် သတိမထားမိ ခဲ့တာတော့ နှမြောစရာပင်။

"အခုလောက်ဆို အဲ့ဒီကလေး ပြသနာတက်နေမှာလား"

ချင်းယန်က မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ငိုနေဆဲဖြစ်သည်။ ထိုအမေးမှာ ဂျဲနိုကို တစ်ခါမှပင် မတွေ့ဖူးလောက်မဲ့ ဒေါက်တာစစ်ချန်းထံမှ ဖြစ်သည်။ ဒေါက်တာစစ်ချန်းက သူနဲ့မသိတဲ့ သူတစ်ယောက်ကို အနည်းငယ် စိတ်ပူနေဟန် မေးမြန်းနေခြင်းက ဂျဲယ်မင်ကို ဇဝေဇဝါ ဖြစ်စေသည်။

"သူအဆင်ပြေတယ် စစ်ဆေးရေးဌာန ခေါင်းဆောင်က သူ့အစ်ကို၊ ဌာနမှူးက သူ့အဖေ"

ဗျူရိုရဲ့ပေါ်လစီက မည်သည့်ကိစ္စတွင်မဆို အထက်မှအောက် အာဏာကို အပြည့်အဝ အသုံးချခွင့် ပေးထားသည်။ ထို့ကြောင့် လီထယ်ဟို သက်ရှိထင်ရှား ရှိနေသ၍ လီဂျဲနိုတွင် အခြားသော ပြသနာတက်စရာ မရှိပေ။ အခုလောလောဆယ် ဂျဲနိုအတွက် ရန်ကျွင်ရဲ့ လှည်စားမှုနဲ့ သူ့ရဲ့ကိုယ်ပိုင် အပြစ်ရှိစိတ်ကသာ သူကိုယ်သူ နှိပ်စက်နေမဲ့ အရာဖြစ်သည်။

"တော်သေးတာပေါ့"

ဒေါက်တာစစ်ချန်းက သက်ပြင်းချလိုက်သည်။

Lure of the Night || Norenmin ||Where stories live. Discover now