ဘာရယ်လို့တော့မဟုတ် Wonwooရဲ့မျက်နှာလေးကိုထပ်တွေ့ချင်မိတာကြောင့် Mingyu သူ့ရဲ့ကျန်တဲ့အလုပ်တွေကို အတွင်းရေးမှူးဆီအကုန်အပ်ထားခဲ့ပြီး Wonwoo ရဲ့အိမ်ရှေ့နားလောက်မှာလာစောင့်နေခြင်းဖြစ်သည်။ အချိန်အတော်ကြာတော့ သူစောင့်မျှော်နေခဲ့တဲ့သူလေးက တခြားယောကျာ်းတစ်ယောက်နဲ့တူတူရောက်လာခဲ့တယ်လေ။ သူ့ရဲ့အပိုင်လေးက သူမဟုတ်တဲ့ တခြားသူရှေ့မှာ ပြုံးရယ်နေတဲ့ မြင်ကွင်းတစ်ခုကိုမြင်ရသည်က အဆင်မပြေပေ။ ထိုအပြုံးတွေကို သူ့တစ်ယောက်တည်းအတွက်သာ ပြုံးစေချင်မိသည်။ ပိုဆိုးတာက ထိုလူက Wonwoo ရဲ့ ခေါင်းကဆံပင်လေးတွေကိုဆွဲဖွလိုက်တာကိုပင်။ သူမဟုတ်တဲ့ တခြားသူစိမ်းယောကျာ်းတစ်ယောက်က ခုလိုမျိုး သူ့အပိုင်လေးကို ထိတွေ့နေတာကို သူမကြိုက် သူတစ်ယောက်တည်းသာ သူ့အပိုင်လေးကို ထိတွေ့ချင်သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရတာကြောင့် Mingyu စိတ်ထဲ၌ ဒေါသတို့က ပို၍တိုးလာခဲ့သည်။ အစက Wonwoo ကို သူ့ရဲ့သာယာမှုအတွက် ပိုင်ဆိုင်ချင်တာလား ဒါမှမဟုတ် တကယ်ပဲ သဘောကျသွားလို့ ပိုင်ဆိုင်ချင်မိတာလား ဝေခွဲမရဖြစ်ခဲ့ပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့ဘက်ကသေချာသွားခဲ့ပြီ။ သူ့ဘက်က Wonwoo ကိုပိုင်ဆိုင်ချင်မိတာ သာယာမှုအတွက်မဟုတ်ဘူးဆိုတာပင်။ Wonwoo အိမ်ထဲဝင်သွားတဲ့အထိစောင့်ကြည့်ရင်း ခဏကြာမှ သူအိမ်သို့သာတန်းပြန်လာခဲ့တော့သည်။
Mingyu အိမ်ရောက်တော့ ရေချိုးပြင်ဆင်ရင်းပြီးနောက် အိပ်ရာဝင်ဖို့အတွက် အိပ်ရာဆီသို့သွားရင်း အကြည့်တွေက စားပွဲခုံပေါ်မှာတင်ထားတဲ့ business cardလေးဆီသို့ရောက်သွားတော့သည်။ Mingyu ထိုcardလေးကိုလှမ်းယူကာ ကြည့်လိုက်ရင်း တစ်ချက်ပြုံးလိုက်သည်။ Wonwoo က တစ်ခုခုလိုတာရှိရင် ဆက်သွယ်ဖို့ပေးခဲ့တဲ့cardလေးပင်။ ထို့နောက် cardပေါ်တွင်ရေးထားတဲ့ ဖုန်းနံပါတ်ကို သူ့ဖုန်းနှင့်လှမ်းဆက်လိုက်တော့သည်။ အချိန်တော်ကြာတဲ့အထိဖုန်းမကိုင်ပေ။ နောက်တစ်ကြိမ်ထပ်ခေါ်ကြည့်လိုက်တော့ သူ့ဖုန်းကိုပြန်ဖြေလာခဲ့သည်။
"Hello"
တစ်ဖက်က ခပ်အက်အက်အသံတစ်ခုကပေါ်လာခဲ့ပြီးနောက် Mingyu ပြုံး၍ပင်...