21

9K 1.1K 237
                                    

​ဒေါ်နန်းခင်နှင်းတို့ လင်မယားမှာ မြင့်မိုရ်နှင့်ဥဂ္ဂံ​၏ မင်္ဂလာဦး ဆွမ်းကပ်အတွက် ပြင်ဆင်​နေရသည်မို့ အခုရက်ပိုင်း အိမ်ကို ညအိပ်ရုံသာ ပြန်လာဖြစ်သည်။ မြင့်မိုရ်၏ ဆန္ဒအတိုင်း မင်္ဂလာဦးဆွမ်းကပ် လုပ်​ပေး​ပေမဲ့ ထိုဆွမ်းကပ်ကိုပင် တခမ်းတနား ပြည့်စုံသည်အထိ ကြိုးစား​​ပေးကြသည်။

" လိုချင်တာ ၊ ဖြစ်ချင်တာရှိရင် အန်တီတို့ကို ​ပြော​နော်။ ​ဖြည့်ဆည်း​ပေးမယ်။ ​ပြောရမှာ ရှိန်​နေရင်၊အားနာ​​နေရင် အငယ်​လေးက တဆင့်​ပြောခိုင်းလည်းရတယ်။ အားလုံး စိတ်တိုင်းကျ ဖြစ်​စေရမယ်​​နော်။ "

ထိုစကားကို ​ဒေါ်နန်းခင်နှင်းက မြင့်မိုရ်အား တဖွဖွ ​ပြောသည်။အရင်ကတည်းက အရမ်းခင်မင်လာခဲ့ပြီး အခုလို ​တော်စပ်မှုတစ်မျိုး ​ပြောင်းသွား​တော့လည်း ယခင်ကထက် ပို၍​တောင် အလိုလိုက်​သေးသည်။

" ​နေ့လယ်စာ မင်းတို့ ဘာစားချင်လဲ။ "

မီးဖို​ချောင်နှင့်ထမင်းစားခန်း တွဲလျက်ရှိသည်မို့ ထမင်းစားပွဲ​ဘေးမှ ခုံတွင် အမြွှာညီ၊အစ်ကို နှစ်​ယောက်လုံး ထိုင်​နေကာ အသီးသီး စာလုပ်​နေကြသည်။ မြင့်မိုရ်က စားပွဲ​​​​ပေါ် လက်​​နှစ်ဖက်ထောက်ရင်း  ​မေးလိုက်​တော့ ဥဂ္ဂံက အရင် ​​​မော့ကြည့်လာသည်။

"ဘာစားချင်လဲ မ​မေးပါနဲ့။ ဘာချက်တတ်လည်းပဲ အရင်​ပြောပါ။ "

မြင့်မိုရ်၏ မျက်နှာမှာ ချက်ချင်းတည်သွားသည်။ ဥက္ကာက ထိုနှစ်​ယောက်အား ကြည့်ရင်း ရယ်ကာ ​ပြော၏။

" Blamer ကိုလင်း "

မြင့်မိုရ်က အမြွာနှစ်​​ယောက်လုံးအား ခပ်မာမာ ကြည့်လိုက်သည်။

" ရှိတာပဲ ချက်လိုက်​တော့မယ်။ ​မေးရင် ​ရောင့်တက်ကြတယ်။ "

ဥဂ္ဂံက စာကုန်း​ရေး​နေရင်းမှ မြင့်မိုရ်အား တစ်ချက် ကြည့်လိုက်သည်။

"  Gasအိုးဖွင့်​ပေးမယ်။ ဖွင့်တဲ့​နေရာက မာတယ်။ "

ဥဂ္ဂံက ထလိုက်ပြီး ဟင်းချက်ခုံ​အောက်မှ အစိမ်း​ရောင် Gasအိုးကို လက်ဖြင့်ဖိကာ အားထည့်ဖွင့်လိုက်သည်။မြင့်မိုရ်က ​ရေခဲ​သေတ္တာထဲမှ ဟင်းချက်ပစ္စည်း​​တွေ သွားထုတ်လာပြီး ခုံ​ပေါ်တင်သည်။

Youth , Sweet LoveWhere stories live. Discover now