(ဘေဘီ)
ညစာစားပြီးJungkookအခန်းထဲပြန်ဝင်လာချိန်၌IGမှmessageတစ်စောင်ဝင်နေသည်။
မြင်လိုက်ရသောစာကြောင့်ဘယ်သူပေးပို့
သလဲဆိုတာနှစ်ခါပြန်စဉ်းစားစရာမလိုပါ။
ဒါဟာခုနကမှ သူaccountလက်ခံပေးလိုက်တဲ့ကျောင်းသားသစ်ဆီမှစာပင်ဖြစ်သည်။ညနေကထိုကျောင်းသားသစ်၏Phoneကိုငှားကာ အိမ်ကကားကိုလာခေါ်ခိုင်းလိုက်ပြီးအပေးအယူအနေဖြင့်IG၌ပြန်follow backလုပ်ပေးခဲ့ရသည်။
(SeenပြပြီးReplyလည်းမပြန်ဘူး
ဘေဘီကစိမ်းကားလိုက်တာ😟)အပေါ်ကစာကိုဖတ်ရုံသာဖတ်၍ပြန်ထွက်မယ့်ဆဲဆဲ နောက်ထပ်စာတစ်စောင်ကထပ်မံဝင်လာ
လေသည်။ဒီတစ်ခါတော့စိတ်မကောင်းဖြစ်နေတဲ့Emojiပုံပါအစစ်ပါလာ၏။ထိုEmojiကြောင့်Jungkookမျက်နှာဟာပြုံးစိစိဖြစ်သွားလေသည်။သို့သော်ချက်ချင်းပင်အသိပြန်ဝင်ကာမျက်နှာထားအားတည်၍စာတစ်စောင်အားချက်ချင်းပြန်ပို့လိုက်သည်။
(Follow backလုပ်ပေးတာဘဲကျေးဇူးတင်
ငါ့ဘဝမှာဘယ်သူစိမ်းကိုမှAccountထဲမထားဖူးဘူး)ထိုစာအားချက်ချင်းSeenပြသွားခဲ့ပြီးခပ်မြန်မြန်စာတစ်စောင်Jungkookဆီထပ်ရောက်လာခဲ့သည်။
(ဟီး ဒါဆိုကိုယ်ကပထမဆုံးပေါ့နော်)
(👍)
ထိုစာကိုတော့လက်မပုံတစ်ခုသာ
ပြန်ပို့ပေးလိုက်သည်။(လက်မကြီး🗿)
ဘာရယ်မဟုတ်Jungkookဟက်ခနဲတစ်ချက်ရယ်မိသွား၏။အနောက်ကသုံးထားသည့်EmojiကJungkookမျက်လုံးထဲအတော်ပင်
ရယ်ရပြီး ထိုမျက်နှာနှင့်Park Jiminအား
တစ်ဆက်ထဲတွဲမြင်မိသွားသည်။(ကိုယ်ကလက်မပေးတဲ့သူတွေဆိုသိပ်
မကြိုက်ပေမဲ့ဘေဘီ့ကိုတော့ချွင်းချက်မရှိ
ခွင့်လွှတ်လိုက်ပါ့မယ်၊ဒါပေမဲ့နောက်တစ်ခါ
ဘေဘီလက်မအရမ်းပေးချင်ရင်Youtube
မှာသွားပေးပါနော်၊အဲ့မှာဆိုအတည့်ကော
ဇောက်ထိုးကောပေးလို့ရတယ်ဘေဘီရဲ့)နောက်ထပ်ရောက်လာတဲ့စာကအတော်ပင်ရှည်လှပြီး လက်မအားဘယ်လောက်ပင်မနှစ်သက်ကြောင်းပြောကာ ကိုယ့်ကိုပင်ဆရာလုပ်သွားသေးသည်။ဆရာရဲ့ဆရာအားဆရာလာလုပ်နေ၍Jungkookသည်းမခံနိုင်ပေ။
YOU ARE READING
𝐦𝐲 𝐝𝐞𝐚𝐫𝐞𝐬𝐭 𝐞𝐱-𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝
Fanfictionအချစ်ဆုံးရည်းစားဟောင်းလေးနှင့်ပြန်လည်ဆုံတွေ့ခြင်း..... Mini story