ep-2

7 1 0
                                    

ရောင်ဝါအခန်းထဲကို ဝင်လာတော့ သူပါဝင်လာသည် မြတ်ဘုန်းကဘယ်သူလဲဆိုတဲ့ပုံနဲ့မျက်ခုံးပင့်ပြကာ

ကိုယ့်ခုံကိုဝင်လိုက်ကာ ပြောပြလိုက်သည်
ပထမကကျောင်းသားသစ်ဆိုတော့သူငယ်ချင်းမရှိဘူး ထင်ခဲ့ပေမဲ့ အခန်းထဲက ကာရံရှိုင်းနဲ့သူငယ်ချင်းတွေမှန်းသိလိုက်ရတော့စကားသိပ်မပြောဖြစ်ခဲ့ အခန်းထဲကမိန်းကလေးများကတော့ သူကချောတော့ဝိုင်းမိတ်ဆက်နေကြသည်။

'ရောင်ဝါ ဟိုတစ်ယောက်ကတော့ ခုမှသာပြောင်းလာတာ နာမည်ကြီးတော့မယ် '

အတန်းခနနားချိန် ဘုန်းခန့်ကစကားစပြောလာသည်

'အော် ချောလို့နေမှာပေါ့ကွာ'
  
'ငါလောက်တော့မချောပါဘူးကွာ '

'ဟုတ်တယ် ကိုင်လို့တောင်မရဘူးချောတာ'

'ဟာ မင်းကွာမင်းကသူ့ကိုပိုချောတယ်လို့ပြောတာလား'
ဘုန်းခန့်ဆူပုတ်ပုတ်နဲ့ပြောလာသည် ကြားထဲက မြတ်ဘုန်းကပြောလာသည်

'ရောင်ဝါ စမနေနဲ့ မျက်နှာရူးကို ဟိုမှာဆရာမလာပြီ'

ဘုန်းခန့်အကြည့်က မြတ်ဘုန်းဆီချက်ချင်းရောက်သွားသည်
သူ့ကိုမျက်နှာရူးလို့ပြောသည့်အကြည့်နဲ့ ရောင်ဝါထရယ်မိလိုက်ကာ စနေပေမဲ့ သူငယ်ချင်းသုံးယောက်ထဲမှာ ဘုန်းခန့်ကအရပ်ရှည်ရှည် နဲ့ချောသလောက် ရောင်ဝါနဲ့ မြတ်ဘုန်းကတော့ သေးသေးကွေးကွေးနဲ့ဖြူးဖွေးတဲ့အသားရည်ကြောင့် ချစ်စရာကောင်းတယ်လို့ ပြောကြသည် တစ်ခါတစ်လေတော့ကိုယ်ကိုကိုယ်အားမရသလိုခံစားရည် စဉ်းစားရင်း
ဘေးတစ်ခုံကျော်က ထောင့်မှာထိုင်ကာကာရံနဲ့အတူရယ်နေတဲ့သူရဲ့မျက်နှာဆီရောက်သွားသည် ဘာကြောင့်မှန်းမသိကိုယ်ပြုံးမိသွားသည် နှလုံးခုန်နှုန်းတွေပါမြန်လာသည်

'ရောင်ဝါ မင်းဘာဖြစ်နေတာလဲ ‌အဲ့တာကောင်လေးတစ်ယောက်ရယ်ရုံပဲလေ'

ကိုယ့်ကိုကိုယ်ပြောလိုက်ကာ ရှေ့ကဝင်လာတဲ့ဆရာမဆီသာ အကြည့်ပို့လိုက်သည်

ညနေအတန်းဆင်းတော့ သုံးယောက်အတူလှေကားမှဆင်းလာလိုက်သည် ထိုအချိန်မှ သတိရလိုက်သည်က ရေဘူးမနက်ကရေဘူး ဟိုတစ်ယောက်‌ပြန်ပေးလို့ အခန်းထဲအမြန်ဝင်လာလိုက်ပြီး ခုံအောက်ထားလိုက်ကာ အခုလည်း ကျန်နေခဲ့ပြန်သည်  ခုမှသတိရတာ ကိုယ့်ကိုကိုယ်ပါ ဒေါသထွက်လာသည်

A Flower that was not for meWhere stories live. Discover now