အပိုင်း ၃၀၄ ၃၀၅ ၃၀၆ ၃၀၇ ၃၀၈ ၃၀၉

1.2K 148 3
                                    

အပိုင်း ၃၀၄


စန်းယွမ်ယွမ်က မျက်ဝန်းများကွေးညွတ်သွားသည်ထိ ပြုံးလိုက်သည်။

သူမက ခေါင်းကိုဘေးသို့စောင်းကာ မျက်ခုံးနှင့် နှုတ်ခမ်းလွှာကဖြင့် ဟယ်ဟွမ်းပန်းများထောင်ချီအောင် တိတ်တဆိတ်ဖူးပွင့်နေသည့်အလား။

ယုံးဝူမင့်ကမျက်မှောင်ကြုတ်ရင်း အနှီမြင်ကွင်းက တောင့်ခံထားဖို့ ခက်ခဲသလို ခံစားလိုက်ရသည်။

သူမက အသာလေမှုတ်ရင်း

"အဲ့ရွှေကမာထဲကို သစ်သားဝိညာဥ်စွမ်းအားကို သန့်စင်ပေး"

ယုံးဝူမင့်က အံ့ဩသွား၏။ သူက မျက်လုံးကိုမှေးကျဥ်းရင်း ချင်ဝူရွှမ်းရှေ့က ဝါးစမ်းချောင်းကိုကြည့်လိုက်သည်။

ရွှေကမာသည် ထိုနေရာ၌ တိတ်ဆိတ်စွာလဲလျောင်းနေ၏။

သူနှင့် ထိုအရာကြားတွင် ကွင်းတစ်ဝက်လောက်ခြားနေသည်။သန့်စင်ဖို့အတွက်ဆို သူ့အနေဖြင့် ထာဝရမီးတောက်နှင့်အတူ ဝိညာဥ်စွမ်းအားကိုထိန်းချုပ်၍ ကြားကရေစီးကြောင်းကိုဖြတ်ပြီးမှ ၎င်းကတဆင့် ရွှေကမာကို သန့်စင်ရမည်ဖြစ်သည်။

ရေစီးကြောင်းအလယ်၌ သစ်ပင်အမြစ်တစ်ခုလုံးဖြင့်လုပ်ထားသည့် ဘူးသီးသဏ္ဍာန် စားပွဲတစ်လုံးရှိသည်။ထိုအောက်ကနေ မီးတောက်ဖြတ်သွားဖို့တော့ ပြဿနာမရှိပေ။

ပြဿနာက သူဟာ ထာဝရမီးတောက်ကို သူ့ကိုယ်ပိုင်အရာ(တောင်ပံ)ထဲမှာ သန့်စင်ပြီးရုံသာရှိသေးသည်။ ထိန်းချုပ်ရာမှာ မကျွမ်းကျင်သေးပေ။ဝိညာဥ်စွမ်းအားကို အရာဝတ္ထုတစ်ခုထဲမှာ သန့်စင်တာမျိုးလည်း မလုပ်ဖူးသေး။

သူအမြဲတမ်းကျွမ်းကျင်တာဆို၍ လူသတ်ရာ၌ပင်။

သည်လို အနုစိတ်သည့်အလုပ်မျိုးကျ.......။

ယုံးဝူမင့် ဘယ်လိုတွေးနေလဲ စန်းယွမ်ယွမ်သိသည်။

သူမက သူ့အင်္ကျီအစွန်းနားကို ဆုပ်ကိုင်ကာ ၁၀ပုံမှာ ၇ပုံကပြုံး၍ ၃ပုံလောက်က ရှက်နေသောပုံစံဖြင့် ပြောလိုက်၏။

"ရှင်က အမိုက့်တကာအမိုက်စားပဲဟာ။ သေချာပေါက် လုပ်နိုင်မှာပါ နော်"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now