PART - ( 26 )

671 31 19
                                    

      Gabriel ‌အရှေ့မြို့ဂိတ်ထဲမှ ထွက်လာခဲ့
သော မြင်းလှည်းတစ်စီးသည် တောအုပ်ထဲ
တွင် တလှိမ့်လှိမ့်ဖြင့် သွားလို့နေခဲ့သည်။
ထိုခရီးသွားမြင်းလှည်းပေါ်တွင် ခရီးသွား
လူ ၁၀ ယောက် ပါဝင်ပြီး သူတို့အချင်းချင်း
လည်း စကားပြောကြလျက် ရှိသည်။

       Soo သည် လှည်းပေါ်ရောက်ကတည်းက
လှည်းပေါ်ရှိ မည်သူတစ်ဦးတစ်‌ေယာက်နဲ့မှ
စကားမပြောပဲ လှည်းအဆင်းအတက်
အစပ်နားေလးတွင် ခြေထောက်လေး
နှစ်ချောင်း‌ေအာက်သို့ ချလျက် သူမဘာသာ
ငြိမ်ငြိမ်လေး ထိုင်နေခဲ့သည်။ သူမ၏ ပုံစံ
သည် အရုပ်ကြိုးပြတ်ထားသကဲ့သို့ ဖြစ်နေ
ပြီး အတွေးများဖြင့် ရောထွေးဟန်လည်း
ရှိသည်။ ဘယ်လက်သူကြွယ်မှာ စွပ်ထား
သည့် စိန်လက်စွပ်လေးအား ညာလက်မလေး
ဖြင့် ဘယ်ပြန် ၊ ညာပြန် ပွတ်သက်နေခဲ့မိ
ရင်း ...

လူက တော်တော်လေး စိတ်ထဲ လေးလံပြီး
နာကျင်နေရလို့ ထင်တယ် ..
Becca ကိုတောင် Gabriel က ထွက်လာတဲ့
အကြောင်း အသိမပေးခဲ့ရဘူး ..

ရပါတယ်လေ .. နောက်မှပဲ အေးဆေး
စာလေးရေးပြီး အကျိုးအကြောင်း
ပြောပြလိုက်တော့မယ် ..

နောက်ပြီး အခုလောက်ဆို Roseanne
အိမ်တော်ကို ပြန်ရောက်နေလောက်ပြီ ..
ဘာတွေဖြစ်နေမလဲ‌ မသိဘူး ..
သားအမိချင်း စကားများနေကြမလား ..

သေချာတာကတော့ သခင်မကြီးက
Roseanne ကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး
တော်တော်ဆူေနလောက်တယ် ..

အင်းပေါ့လေ .. မိဘတိုင်းကတော့ ကိုယ့်ရဲ့
သားသမီးကို အမြင့်ရောက်စေချင်ကြတဲ့
သူချည်းပါပဲ ..
နန်းလျာမင်းသားလို လူမျိုးနဲ့ စေ့စပ်ထားတဲ့
သမီးဖြစ်သူကို အစေခံကျွန်အဆင့်လောက်
ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်တွဲ
သွားတာမျိုး သူမလည်း ဘယ်ဖြစ်‌ေစချင်
ပါ့မလဲ..

မွေးပေးခဲ့တဲ့ Soo အမေနဲ့ အဖေကို ကျေးဇူးကန်းတာတော့ မဟုတ်ပေမယ့်
ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ဖြစ်တည်မှု
ဆိုတဲ့ အချက်ကို တွေးမိလိုက်တော့
နည်းနည်းတော့ သိမ်ငယ်မိသား ..
တကယ်အရေးအကြောင်း ကြုံတော့
အဆင့်အတန်း ကွာခြားလွန်းေနတာေကြာင့်
ကိုယ့်ချစ်သူကိုေတာင် သူများနဲ့ ယှဉ်ပြိုင်ပြီး
ေဖြာင့်ေဖြာင့်တင်းတင်း အရမယူနိုင်ဘူး...

The Moon & Her Royal SunWhere stories live. Discover now