Part - 11

614 50 16
                                    

>> Unicode <<
~~~~~~~~~~~~

ဩဂတ်စ်ဧဿန်ဟာ အဘွားဖြစ်သူဒေါ်ဘရဏီနှင့်အတူ ခရီးလိုက်သွားရတာ သုံးရက်ခန့်ရှိလေပြီ။ အိမ်မှာတော့ လင်းရိပ်ရယ် ၊ မိဘတွေနှင့် ကေဇင်ရယ် ၊ ဝဿန်တိုင်းမြတ်ရယ်သာရှိသည်။ တိုင်းမြတ်ကလည်း ညဘက်သာအိမ်ကပ်တာကြောင့် အချိန်တိုင်းရှိတဲ့သူမဟုတ်။ အချိန်ပြည့်ရှိနေကြတာက ဒေါ်ဇီဇဝါနှင့်ကေဇင်ဆိုသည့်မိန်းကလေး။

ထိုရက်တွေမှာ လင်းရိပ်လည်း အိမ်မှာမနေ။ တစ်နေကုန်အောင်ဆိုင်ထိုင်ပြီး ညမိုးချုပ်မှပြန်လာတတ်သည်။ ဖြစ်နိုင်ရင်တော့ စိတ်ရှိတိုင်းဆို ပြန်တောင်လာချင်တာမဟုတ်။ ဦးမင်းဝေကြောင့်သာပေါ့။

" လင်းရိပ်.. ဆိုင်သွားတော့မှာလား "

" ဟုတ်တယ်အန်တီ "

" မနက်စာစားသွားဦးလေ၊ တစ်ခါတည်း အန်တီတို့အတွက်ပါ ပေါင်မုန့်ကင်လိုက်နော် "

လင်းရိပ် စကားတွေရှည်ရှည်ဝေးဝေးမပြောချင်တော့။ ခေါင်းသာညိတ်လိုက်၏။

" ဟုတ်ကဲ့ "

ဦးနေသန်တို့လင်မယားပြန်ရောက်တဲ့ရက်ကစပြီး မနက်တိုင်းမှာ သူတို့သုံး‌ယောက်အတွက် မနက်စာပြင်ပေးရသည်။ ထိုအရာမှာနေသားကျသွားလျှင် လင်းရိပ်ရဲ့ဘဝက ထောင်ချောက်ထဲသို့ခြေတစ်ဖက်လှမ်းပြီးသားဖြစ်သွားလိမ့်မည်။ ထိုသို့ လုံးဝအဖြစ်မခံနိုင်။

ပေါင်မုန့်မီးကင်တွေ စားပွဲပေါ်ချပေးလိုက်တော့ ဦးနေသန်ဟာ လင်းရိပ်ကို မော့ကြည့်သည်။ ဒေါ်ဇီဇဝါက ပန်းကန်ကိုလှမ်းယူရင်း..

" အန်တီတို့မရှိတုန်း ကေဇင်နဲ့ပြဿနာတက်သေးတယ်ဆို "

တိုင်ထားမယ်ဆိုတာ သူခန့်မှန်းထားပြီးသားမို့ သိပ်တော့မတုန်လှုပ်ပေ။

" ဟုတ်တယ် ဘာလို့ပြဿနာတက်လဲဆိုတာရော အန်တီတို့သိပြီးပြီလား "

" ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့ကွယ်၊ မိန်းကလေးကိုလက်ပါတာကတော့ မင်းအရမ်းရိုင်းတယ်၊ မင်းမှာလည်း ညီမလေးရှိတာပဲ "

လင်းရိပ်တစ်ချက်ငြိမ်ကျသွား၏။ သူတို့မိသားစုဟာ သူတစ်ပါးကို အပြစ်ရှိသလိုခံစားသွားအောင်လုပ်နိုင်တဲ့နေရာမှာတော့ ဆရာကျသည်။

𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭Where stories live. Discover now