Unicode
" ဒါဆိုငါထင်တာမှန်နေတာပဲ"
"အရှင်ကဘာထင်လို့လဲ"
ပထဝီမြေကြီးထက်တွက် မေ့မျောနေသည့် လူသားကောင်လေးအားကြည့်ကာ
"သူဆီမှာ ငါ့နဂါးဝိညဉ်က"
"ဗျာ? ဒီလူသားဆီမှာ?"
"ခံစားနေရတာ အသေချာတော့မပြောတက်ဘူး"
"အခုဒီလူသားကိုဘယ်လိုလုပ်ကြမလဲ အရှင်"
"သူ့အိမ်ပို့ပေးလိုက်"
"ဗျာ အိမ်?"
မိတ္ထဝမ်သီမှာ အာရုံတတဲ့နေရာ ချက်ချင်းရောက်တယ်ဆိုပေမယ့်
အခုဟာက မနုဿပြည်လေ အာရုံတဖို့မပြောနဲ့ သူအခုရောက်နေတဲ့နေရာတောင် ယောန်ဂျွန်မသိ
အရှင့်ကိုလဲအာမခံရဲ။ အရှင်ကအမိန့်ထုတ်ပြီးမပြင်တဲ့လူဆိုတာသူသိတယ်လေ
အရှင့်ကိုငြင်းမိရင် တစ်ခုတည်းပိုင်ဆိုင်တဲ့နဂါးဝိညာဉ်ပါအမှုန့်ဖြစ်သွားမှာ မတက်နိုင်ဘူးဖြစ်သလိုလုပ်ရမှာပဲယောန်ဂျွန် အာရုံခံကာ ထိုလူသားအိမ်သို့ အစမ်းသွားကြည့်လိုက်သည်
ကိုယ်ပျောက်ပြီးပြန်ပေါ်လာတော့ သူရောက်နေတဲ့နေရာဟာ မျက်စိတစ်ဆုံးသစ်ပင်တွေပဲမြင်ရတဲ့နေရာတစ်ခု သစ်တောအုပ်တစ်ခုဖြစ်ပုံရသည်
လူသားတစ်ယောက်ဟာဒီနေရာမှာနေတာလုံးဝမဖြစ်နိုင်ပေထပ်အာရုံခံသွားကြည့်တော့ သူရောက်သွားတဲ့နေရာက သဲဂန္ဓာရတစ်ခု ဘို့ကုလားအုပ်ကလွဲ၍လူဆိုသည့်သတ္တဝါလားလားမျှမတွေ
ထပ်ရှာသည် ပင်လယ်ပြင်သို့ရောက်၏ ထပ်သွားသည် မှောင်မဲသောဂူတစ်ခုသို့ရောက်၏ လူသားနေထိုင်သည့်သဲလွန်စတစ်စုံတစ်ရာမှမရှိသောနေရာများကိုသာ ယောန်ဂျွန်ရောက်နေသည်မို့ နောက်ဆုံးလက်လျှော့လိုက်ရသည်
"အရှင် ကျွန်တော်မျိုးအားအပြစ်ပေးတော်မူပါ"
"မတွေ့ဘူးမလား"
YOU ARE READING
A Heart of the DRAGON
أدب الهواةရှာတွေပြီ! ကိုယ်တော့်ရဲ့ နှလုံးသားကို!! Start- 24 June 2024 End-??