" ဒီကိစ္စ ကိုယ်ပဲဖြေရှင်းလိုက်မယ် သူချိန်းတဲ့နေရာကိုမသွားနဲ့ ကိုယ့်ကိုကတိပေး "
Jay hyung စိတ်ကျေနပ်အောင် ခေါင်းကိုငြိမ့်ပြလိုက်ပေ
မယ့် ဆောနူးစိတ်ထဲမှာ ရှုပ်ထွေးနေသည်။
Jay hyungရဲ့အဖေက ဆောနူးကိုဘာကြောင့်တွေ့ချင်ရတာလဲဆိုတာ အတိအကျမသိသော်လည်း သေချာပေါက်ကတော့ဆောနူးကိုသဘောကျလက်ခံတာမျိုးလည်းမဟုတ်နိုင်ပေ။ဆောနူးတစ်ယောက်တည်းအတွေးများနေစဥ်မှာပင် Jay hyungက အကာအရံနောက်မှထွက်ပြီး တစ်စုံတစ်ယောက်ဆီဖုန်းခေါ်နေသည်။
" သူအခုဘယ်မှာလဲ ငါစာရင်းရှင်းစရာရှိလို့ နှစ်နာရီအတွင်းရောက်အောင် လာခဲ့မယ် ရုံးခန်းမှာ အရှက်မကွဲချင်ရင် အိမ်မှာစောင့်နေလို့ပြောလိုက်"
Jay hyung ၏ အသံက ဒေါသတို့ကိုကြိုးစားထိန်းချုပ်ထားရပုံပေါ်လွင်နေသည်။
မကြာသေးခင်အချိန်ကပဲ နှစ်ယောက်သားရဲ့ ရင်ခုန်စရာအခိုက်အတန့်လေးက ဖုန်းcall တစ်ခုကြောင့် ဆိတ်သုဥ်းသွားရတော့သည်။
" ကိုယ်အခုသွားမှဖြစ်မယ် စိတ်ချ ကိုယ်ရှိနေသ၍ သူ မင်းကိုနည်းနည်းလေးမှ မထိခိုက်ရစေရဘူး။"
ရိုက်ကွင်းမှ ရုတ်တရက်ထွက်သွားဖို့ပြင်နေသည့် Jay hyungကို လှမ်းပြီးဖမ်းဆွဲထားလိုက်ပြီးနောက်ဆောနူးဖုန်းကို hyungဆီလှမ်းပေးလိုက်သည်။
hyungဖုန်းနံပါတ် ကျွန်တော့်ကိုပေးခဲ့ပါ။
Hyung အိမ်ပြန်ရောက်တာနဲ့ အဆင်ပြေမပြေ ကျွန်တော့်ကိုဖုန်းဆက်ပါမယ်လို့ကတိပေး။ဖုန်းနံပါတ်အပြန်အလှန်လဲပြီးနောက် hyung က ရိုက်ကွင်းမှအလျှင်အမြန်ထွက်သွားသည်ကို ဆောနူးမတားဆီးနိုင်တော့ပေ။