Chapter- 1

195 21 3
                                    

"အမယ်လေး ကျွတ် ကျွတ် ကျွတ်"

ဂျောင်ဆောင်ချန်းလေယာဉ်ပေါ်က toilet မှာကိစ္စရှင်းပြီးပြန်အထ ခေါင်းကရုတ်တရက်မိုက်ခနဲထိုးကိုက်ပြီးအမြင်အာရုံတွေဝေဝါးသွားတယ်။

"အိမ်းးးးအသက်အရွယ်ကစကားပြောလာပြီ ကျွတ် ကျွတ်"

ခေါင်းကရိပ်တိပ်တိပ်ဖြစ်နေတာတော်တော်နဲ့မပျောက်သေးတာကြောင့်နံရံလေးကိုအားပြုပြီးခဏမှီနေတယ်။လေယာဉ်ကမကြာမီဦးတည်ရာအရပ်သို့ဆင်းသက်တော့မည်ဖြစ်ကြောင်းလည်း ကြေညာနေလေပြီ။

နည်းနည်းပြန်အဆင်ပြေသွားလို့နေရာကိုသွားထိုင်တဲ့အခါသူ့ဘေးကလူငယ်လေးကထူးဆန်းတဲ့ပုံစံနဲ့ကြည့်လာတယ်။ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တော့ အဲ့လူငယ်တင်မကတော်တော်များများကသူ့ကိုသူခိုးတစ်ယောက်လိုကြည့်နေကြတယ်။

ဂျောင်ဆောင်ချန်းလည်းအကြည့်တွေကိုဂရုမစိုက်တော့ပဲမျက်လုံးမှိတ်ပြီးအိပ်လိုက်တော့တယ်။သူ ဆိုးလ်ကနေအူလ်ဆန်ကိုရောက်လာရတဲ့အကြောင်းအရင်းကတော့ ဟိုးငယ်ငယ်တည်းကခင်ခဲ့ရတဲ့သူငယ်ချင်းကြီးရဲ့အသုဘကိစ္စကြောင့်ပဲဖြစ်တယ်။

နာရေးသတင်းကိုသိသိချင်းအလောတကြီးထွက်ခဲ့တာ လေယာဉ်ကွင်းသွားတဲ့အချိန်ထည့်ပြီးသားအဝတ်ထုပ်ကြီးတောင်ကျန်ခဲ့တယ်။လက်မှတ်ရယ်ပိုက်ဆံနဲ့ဖုန်းထည့်ထားတဲ့အိတ်လေးတော့ပါလာလို့တော်ပါသေးတယ်။

လေယာဉ်ပေါ်ကဆင်းပြီးနာရေးအိမ်ကိုသွားဖို့အတွက် taxi ငှားတယ်။မေ့တတ်တဲ့အသက်အရွယ်လည်းရောက်လာတော့စကားမပြောတော့ပဲလိပ်စာမှတ်ထားတဲ့စာရွက်လေးကို driver ဆီပေးပြီးမောင်းခိုင်းလိုက်တယ်။

ကားစီးနေးရင်းသူသောက်နေကျသွေးကျဆေးလေးသောက်လိုက်သေး။

ဦးတည်ရာနေရာကိုရောက်တော့ကားတံခါးဖွင့်ပြီးဆင်းလိုက်တယ်။

'ဂီထက်ရေ ငါလာပြီ'

ဂျောင်ဆောင်ချန်း သူ့ကိုယ်သူ အူလ်ဆန်မြေ
နဲ့တည့်တယ်လို့တွေးမိတယ်။ဒီကိုရောက်ပါပြီဆိုကတည်းကသူ့ခန္ဓာကိုယ်ကခါတိုင်းထက်သွက်လက်ပေါ့ပါးနေတယ်။သူငယ်ချင်းဇောနဲ့ကြောင့်လည်းပါပေမှာပေါ့။

Back to 20Where stories live. Discover now