Part 5

1.9K 168 7
                                    

( Unicode )

' BMW s1000rr '

စေ ရေချိုးပြီး အိမ်ပေါ်က ဆင်းလာခိုက် ခြံထဲကို ရှေ့ဆင့်နောက်ဆင့်ဝင်လာသည့် အနက်ရောင်ဆိုင်ကယ်နှစ်စီးကြောင့် မနက်စာစားပွဲကို သွားမည့်ခြေလှမ်းတို့က အိမ်အပြင်ကို ရောက်သွားတော့သည် ။ ဆိုင်ကယ်တွေက နယူးယော့ခ်မှာ သူစီးခဲ့သည့်ဆိုင်ကယ်နှင့် အမျိုးအစားအတူတူ ။ နောက်ပြီး Biker outfitတွေနှင့် ဆိုင်ကယ်ပေါ်က ဆင်းလာသည့်လူတွေက ကိုဉာဏ်လင်းထင်နှင့် ကိုပိုင်ဇေယံ ။

" အစ်ကိုတို့ ...စောစောစီးစီးပါလား "

" ဘယ်ကစောရမှာလဲ စေရ .... ရှစ်နာရီထိုးပြီးပြီ "

သူ့အတွက်တော့ ရှစ်နာရီနိုးတယ်ဆိုတာ မနက်စောစောနိုးတဲ့ရက်ပါပဲ ။

" ဘယ်သွားကြမလို့လဲဗျ "

" မင်းတို့ဆီ လာတာလေ "

ကိုဉာဏ်လင်းထင်က သူ့ကိုပြန်ဖြေရင်း သူ့နောက်ကနေ အိမ်ထဲက ထွက်လာသူကို မေးလှမ်းဆတ်ပြသည် ။ စေ လှည့်ကြည့်တော့ အနက်ရောင်ဂျာကင်နှင့် fitting ဂျင်းအနက်တို့ဖြင့် ကိုချမ်းငြိမ်းရာကို ခါတိုင်းကဲ့သို့ ကုမ္မဏီသွားမည့်ဒီဇိုင်းနှင့် ခြားနားစွာ တွေ့လိုက်ရ၏ ။

" ချမ်း .... မင်း စေ့ကို ပြောမထားဘူးလား "

" အင်း "

" အာ ... surprise လုပ်တာဆိုရင်လဲ စောစောကတည်းက ငါတို့ကို ကြိုပြောပါလားကွ ... သေချာလေး အစီအစဉ်ဆွဲပြီး လာမှာပေါ့ "

" မလိုပါဘူး "

" လိုတာပေါ့ ဟေ့ရောင်ရ "

" ဒါဆိုရင် ရပါပြီ"

သူတို့ပြောနေတာတွေ စေ ဘာတစ်ခုမှနားမလည် ။ ကိုချမ်းငြိမ်းရာက ဘာကိုကြိုမပြောဘဲ ဘယ်သူ့ကို surpriseလုပ်တာလဲ ။ စေ ကြောင်တောင်တောင် ရပ်ကြည့်နေတော့ ကိုပိုင်ဇေက ပြုံးပြီး သူ့လက်ထဲ ဆိုင်ကယ်သော့တစ်ချောင်း လာထည့်သည် ။

" မင်းအတွက်တဲ့ "

" ဟမ် "

" မင့်ကိုကိုက ဝယ်ပေးတာ "

စေ လှိုက်ခနဲ ပျော်သွားသည့်အပြင် ရင်တွေတောင် ခုန်လာသည် ။ surprise ဆိုတာ ဒါပါတဲ့ ။ ကိုဉာဏ်လင်းထင်တို့ကုမ္မဏီကနေ သူ့အတွက် သူအကြိုက်ဆုံး ဆိုင်ကယ်ကို တကူးတကမှာပြီး ဝယ်ပေးတာတဲ့ ။ ဒီလိုကျတော့လည်း ငယ်ငယ်ကကိုကိုနဲ့ ပြန်တူလာသလိုပါပဲ ။ သူ့ကို အလိုလိုက်ပြီး သူ့အကြိုက်တွေကို ဖြည့်ဆည်းပေးတဲ့ကိုကိုပေါ့ ။

အချစ်ဖြင့် ...ချမ်းအေးစေရာ... { Completed }Where stories live. Discover now