Royal Omega - 29

2.9K 231 36
                                    

       Royal Omega Become My Mate
     __________________________________

တိတ်ဆိတ်နေတဲ့နန်းဆောင်အတွင်း ခပ်တိုးတိုးရှိုက်ကာငိုနေသံတို့က လွင့်ပြယ်နေလျက်ရှိ၏။

" Min...ကိုယ့်ကိုနောက်ဆံတင်းအောင် လုပ်နေတာလားကွာ.."

" Jeon.. မသွားပါနဲ့..အင့်!! "

နှာသံသေးသေးလေးနဲ့ စောင်ပုံထဲက​နေ ငိုသံတဝက်ဖြင့် အသံထွက်လာ၏။ ထို့ကြောင့် မွေ့ယာပေါ်တတ်ကာ စောင်ပုံထဲလုံးထွေးနေသူလေးကို ခွဖက်ထားလိုက်ပြီး..

" မငိုနဲ့ကွာ..တိတ်တော့..နေကောင်းတာလဲမဟုတ်ပဲ ပိုဆိုးလိမ့်မယ် "

" ဆိုးပါစေ.. "

" ဟူးးးးးးး "

နှစ်ရက်လောက်ထိ အဖျားကြီးနေတဲ့ အိုမီဂါငယ်က ဒီနေ့မှအဖျားကျသွားတာဖြစ်ပြီး Jungkook ခရီးထွက်ရမယ့်ကိစ္စကိုလဲ ဂျီကျနေတာဖြစ်၏။

" Min ကိုယ့်ကိုကြည့်! ဒီဘက်ကိုလှည့် စောင်ပုံထဲကထွက်ခဲ့.."

Jeon ရဲ့စကားအတိုင်း စောင်ပုံထဲကခေါင်းလေးပြူထွက်လာသည့် မျက်နှာရဲရဲလေး။ ဖျားနေသည်ကြောင့်ရော၊ ငိုထားတာရောကြောင့် စတော်ဘယ်ရီသီးလေးလိုနီရဲနေကာ စားချင်စဖွယ်။

" ကိုယ်ပြောမယ်..Min.. ဒါက ကိုယ့်တို့ထာဝရခွဲရမှာမဟုတ်ဘူးလေ...ခဏပဲ ပြီးရင်ကိုယ်ပြန်လာမှာ "

" ဟင့်..! "

Jeon ပြောမှရှိုက်ငိုမိတဲ့ Min ။ သိတယ်..Min သိတယ် Jeon ခရီးထွက်တာက တစ်ခဏပဲ ပြန်လာမှာ။ ဒါပေမယ့် ဒီခရီးပြီးရင်..ဟင့်အင်း..

Jeon ကအခု Ram တိုင်းပြည်ကိုသွားရမှာ။ Min နဲ့သားလေးကိုထားခဲ့ပြီး သွားရမှာ။ တော်တော်လေးချို့ယွင်းနေပြီဖြစ်တဲ့ Ram တိုင်းပြည်က Jeon ကိုယ်တိုင်သွားပြီးစီမံအုပ်ချုပ်ပေးမှကိုရတော့မှာ။ ဒါပေမယ့် Jeon နဲ့မခွဲချင်ဘူး။ Min တစ်ယောက်ထဲမဟုတ် သူ့ခမည်းတော်ကိုအရမ်းတွယ်တာတဲ့ သားတော်လေးကပါ ခွဲခွာချင်မှာမဟုတ်။

ခုနှစ်လပြည့်ပြီဖြစ်တဲ့သားတော်က အခုဆို တော်တော်လေးသိနေပြီ။  Jeon ခရီးသွားတုန်း သူ့ခမည်းတော်ကိုရှာနေရင် ဘယ်လိုလုပ်မလဲ။ သားတော်အကြောင်းကို Min သိတယ်..သူ့ခမည်းတော်ကိုမတွေ့ရင် ဘယ်လောက်ဂျီကျတယ်ဆိုတာ။ လိုက်သွားဖို့ကလဲအဆင်မပြေ။

Royal Omega Become My Mate [Completed] Where stories live. Discover now