🧡အတိတ်မေ့ ခင်ပွန်း🧡Part 41
ဒေါ်ပန်ထိပ်ထား သူမသမီးငယ်ရဲ့ ဖေဖေ့ကို လွမ်းတယ်ဆိုတဲ့ စကားကြောင့် စိတ်ကို ဖြည်လျှော့ကာ companyမှာဘဲ နေနေတဲ့ သူမခင်ပွန်းသည်ကို လာခေါ်ရန် ကားပါကင်သို့ရောက်နေသည်
Companyထဲဝင်သည်နှင့် အပူသည်ရုပ်ကို ဖျောက်ဖျက်ကာ အပြုံးတစ်ခုဆင်မြန်း၍ ဆရာကတော်ဆိုတဲ့ ကျက်သရေအပြည့်နဲ့ လက်အောက်ဝန်ထမ်းများကို နှုတ်ဆက်၍ ဝင်လာလိုက်သည်
ဒေါ်ပန်ထိပ်ထား ရုံးခန်းအထပ်သို့ရောက်သည်နှင့် ဓာတ်လှေကားမှ အထွက် အတွင်းရေးမှူးမလေးက ထနှုတ်ဆက်ရန်ပြင်နေသည်ကို ပြုံး၍ လက်ကာကာတားလိုက်သည်
"ရတယ် သူ အထဲမှာမလား...."
ဒေါ်ပန်ထိပ်ထား ထိုသို့ပြောကာ အထဲသို့ဝင်ရန်ပြင်ပေမဲ့ အတွင်းရေးမှူးမလေးက အခက်တွေ့နေတဲ့မျက်နှာထားဖြစ်နေတာကြောင့် ရပ်တန့်သွားရသည်
"ဘာလဲ သူမရှိဘူးလား...."
"ဟို....အဲ့တာ ဆရာကတော်....."
အတွင်းရေးမှူးမလေးမှာ သူမရဲ့ လူယုံဖြစ်ပြီး သူမမှာသမျှကို လိုက်နာသူဖြစ်ရာ အခုလို အခက်တွေ့နေပုံမှာထူးဆန်းသည်
"ပြော....."
ဒေါ်ပန်ထိပ်ထား ဟန်ဆောင်ဆင်မြန်းထားတဲ့ အပြုံးတုမှာ ကွာကျသွားသည်
"ဟုတ် bossက မနက်တည်းက အပြင်ထွက်သွားတာ ခုထိပြန်မလာသေးပါဘူး....."
"အခုချိန်ထိလား သူဘယ်ကိုသွားတာလဲ...."
အတွင်းရေးမှူးမလေးမှာ ဘာမှမသိသော်လည်း သူမရဲ့ဆရာကတော်မှာထားတာ တစ်ခုတော့ရှိသည်
အဲ့တာက bossက ပန်းချီပြခန်းသို့သွားလျှင် ချက်ချင်းအကြောင်းကြားရန်ဖြစ်သည်
သို့ပေမဲ့ သူမဟာbossရဲ့ အမိဖမ်းမှုကို ခံလိုက်ရပြီး ဒီအတောအတွင်း သူမက နှစ်ဖက်လုံးရဲ့ လူယုံလိုဖြစ်နေသည်
Boss ပန်းချီပြခန်းကို သွားတဲ့အခါတိုင်း အကြောင်းကြားသည်မှာ၃ခေါက်မှ၁ခေါက်သာဖြစ်သည်
အကြိမ်တိုင်းလည်း ဆရာကတော်က ယခုလို လာမစစ်ဆေးတာကြောင့် အဆင်ပြေနေခဲ့ပြီး အခုမှ လူကိုယ်တိုင်ရောက်လာတော့ အခက်တွေ့သွားရသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....