အခန်း ၄၉

369 43 3
                                    

ဝေးပေါ်ကိုသာ အပြစ်တင်ရမည်။ သူသာ သိခဲ့လျှင် သူ၏ စံပြနတ်ဘုရားတဖြစ်လဲ အမျိုးသားယွင်အကြောင်းသာ တွေးခဲ့လောက်သည်။ မည်သို့ဖြစ်စေ သူ့အနေဖြင့် အကျိုးမြတ်ဖြစ်ထွန်းနိုင်သည်။ မည်သူကများ ရုပ်ချောချော ယောက်ျားတစ်ယောက် မဖြစ်လိုပါ့မည်နည်း။ သို့သော် သူသည် ဖျံဖြစ်လာခဲ့သည်။

လျောင်ထင်ယန့်သည် စိတ်တိုသွားပြီး သူ့ဗိုက်ပေါ်က စစ်မာကျောင်းလက်ကို တွန်းထုတ်ပစ်လိုက်သည်။

“ရှင်က ကျွန်မကို ဒီလိုမျိုးပြောင်းပြီး ဖျံတွေကို ကိုင်ကြည့်ချင်နေတာပဲ။ ထွက်သွား”

စစ်မာကျောင်းသည် ရယ်တော့သည်။ ရှေ့နောက်ယိမ်းထိုးပြီး ရယ်နေလေ၏။

လျောင်ထင်ယန့် - …ကျွန်မ ရှင့်ကိုပြုံးခိုင်းလို့လား ရှင် ကျွန်မကို လှောင်နေတာလား…

လျောင်ထင်ယန့်သည် သူ့ရှေ့ဖဝါးနှစ်ခုကို မြှောက်လိုက်ပြီး စစ်မာကျောင်း၏ ခြေထောက်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူ့ကို အော်ပြောလိုက်သည်။

“ကျွန်မကို ပြန်ပြောင်းပေးလို့”

စစ်မာကျောင်းသည် ကုတင်ပေါ်တွင် လျောင်ထင်ယန့် လဲလျောင်းနေကျ ငါးဆားနယ်ပုံစံအတိုင်း လှဲနေပြီး ပြောလာခဲ့သည်။

“ဟွမ်ရှင်းသန်း မင်း ဒီလိုပုံစံမျိုးနဲ့ ၃ လကြာအောင် နေရမှာ”

စစ်မာကျောင်းသည် သူ့ကို အကြောင်းပြချက်ရှိရှိ ထိုသို့သော အစားအသောက်မျိုး ပေးခဲ့သည်။ သူ့ကို ဖျံပုံစံအဖြစ် ၃ လကြာအောင် ပြောင်းစေရန်ပင်။ လျောင်ထင်ယန့်သည် ထိုနေရာမှာတင် ထိုင်နေပြီး ဒေါသထွက်နေလျက်ရှိသည်။ မောပန်းသလို ခံစားလာရသောကြောင်း ခဏနားရန် ဆုံးဖြတ်လိုက်၏။

သူ့မျက်လုံးများ မှေးစဉ်းသွားသည်နှင့်တစ်ပြိုင်နက် သူ့ဗိုက်သည် နှစ်ခါအထိခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ သူသည် လက်ကို တွန်းထုတ်လိုက်ပြီး တစ်ဖက်လှည့်အိပ်လိုက်သည်။ မကြာခင်မှာပင် အေးစက်စက် လက်ချောင်းများက သူ့နောက်ကျောကို ထိလာပြန်၏။

တကယ်တော့…အတော်လေး သက်သောင့်သက်သာရှိသည်။ သူ့အနေဖြင့် ငိုက်မျဉ်းလာခဲ့၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now