ကြမ်းတမ်းသောအမှောင်ညများ-(Part-1)🚨🚨
''အန်တီနွယ် ဘာချက်နေတာလဲ''
''ဒီမှာလေ ကြာဇံခေါက်ဆွဲ လုပ်နေတာ''
''ကြာဇံခေါက်ဆွဲ!.. ဟီး ဥဒေါင်း အရမ်းကြိုက်တာ''
''အမလေး တော်လေးမပြောလည်း ကျုပ်သိတယ်နော်၊ တော်လေးတို့အတွက်ပဲ ချက်နေတာပါတဲ့''
ဒေါ်ပန်းဟေနွယ်က ဥဒေါင်းမြူလေးအကြိုက်ကို သိတော့ ပြန်ပြောပြခဲ့သည်။ ထိုအခါ ဥဒေါင်းမြူလေးက ခပ်နွဲ့နွဲ့လေးနဲ့ ဒေါ်ပန်းဟေနွယ်ရဲ့ မပိန်မဝအသက်ငါးဆယ်နား နီးနေသော ခန္ဓာကိုယ်လေးကို အာပါးတရ ပွေ့ဖက်လာ၍ ကျောပြင်လေးပေါ် မှီချလာသည်။ သမီးအရင်းတစ်ယောက်လို ချစ်ရတဲ့ ဥဒေါင်းမြူလေးရဲ့ ချွဲနွဲ့မှုအောက်မှာ ဒေါ်ပန်းဟေနွယ်ရဲ့ အမောတွေလည်း ပြေရသည်။ ဒေါ်ပန်းဟေနွယ်က ဦးသီဟဘုန်းပြည့်နဲ့ အကြောင်းပါပြီးတဲ့နောက် သမီးမိန်းကလေးကို လိုချင်ခဲ့တာ။
ကံအားလျော်စွာနဲ့ သားယောက်ျားလေးကိုပဲ မွေးဖွားလာခဲ့သည်။ အခုလက်ရှိချိန်မှာလည်းသားယောက်ျားလေးက မိဘတွေအနားမှာ မနေနိုင်ဘဲ သူ့ဘာသာသူ နိုင်ငံခြားမှာ နေထိုင်နေသည်။ နေထိုင်နေခဲ့တာကလည်း ယောက်ျားဖြစ်သူ ဦးသီဟဘုန်းပြည့်ရဲ့ အမိန့်တွေအောက်မှာပါပဲ။ ယောက်ျားလုပ်သူ ဦးသီဟဘုန်းပြည့်ကိုယ်တိုင်က စီးပွားရေးရှင်ဖြစ်တာကြောင့် တစ်ဦးတည်းသောသားကိုလည်း စီးပွားရေးနယ်ပယ်ထဲ အတင်းခြေစုံပစ်ဝင်ခိုင်းခဲ့သည်။ သားကလည်း သူ့အဖေလို သွေးအပြည့်ပါတော့ စီးပွားရေးဘက်မှာ ဝါသနာပါတဲ့အလျောက် ကြိုးစားမှုအဆုံး ဦးသီဟဘုန်းပြည့်ထက်ပင် စီးပွားရေးမှာ ခြေဆန့်လာနိုင်ခဲ့သည်။
အခုဆိုရင် သားဖြစ်သူဇမ္ဗူဒီပါက ဘယ်သူ့ကိုမှ မော်ကြည့်စရာမလိုတော့လောက်အောင် သူ့အခြေအနေနဲ့သူ နိုင်ငံခြားမှာတောင် စီးပွားရေးကို ချဲ့ထွင်နိုင်တဲ့အထိ အောင်မြင်နေခဲ့သည်။
'' အန်တီနွယ် ဘယ်သူ့အကြောင်းတွေးနေတာလဲ မှန်မှန်ပြောနော်''
''အို ဘယ်သူ့အကြောင်းတွေးရမှာလဲ၊ ဥဒေါင်းလေးလိုပဲ ကြာဇံခေါက်ဆွဲဆို အရမ်းကြိုက်တဲ့သားတစ်ယောက်ကို စဉ်းစားနေတာပါ''
YOU ARE READING
ကြမ်းတမ်းသောအမှောင်ညများ🚨🚨🔞
Romanceအခန်းတိုင်းလိုလို warningပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် 🍼🍼🌚🌚🚨🚨