🧡အတိတ်မေ့ ခင်ပွန်း🧡Part 42
တိတ်ဆိတ်နေတဲ့ရပ်ကွက်ထဲ ဦးလရောင်ရဲ့ ကားစက်သံဟာ ဝုန်းဒိုင်းကြဲနေသည်
အကျီများတွင်လည်း သွေးများစွန်းထင်းနေသလို ဦးလရောင်ရဲ့မျက်ဝန်းအိမ်များကလည်း နီရဲနေသည်
သူဟာ အိမ်သို့ရောက်သည်နှင့်ရုံးခန်းထဲသို့သွားကာ အရေးကြီးသည့်စာရွက်စာတမ်းများကို သိမ်းဆည်းလေသည်
ဒေါ်ပန်ထိပ်ထားလည်း ဦးလရောင်ရဲ့လုပ်ရပ်များအား ကြည့်ကာ
"ရှင်ဘာတွေလုပ်နေတာလဲ ကိုလရောင်...."
"......."
သို့သော် ဦးလရောင်ကားမဖြေ လုပ်စရာရှိသည်များသာ လုပ်နေလေသည်
"ရှင်ဘာတွေလုပ်နေတာလဲလို့......"
ဒေါ်ပန်ထိပ်ထားဟာ သည်းမခံနိုင်တဲ့အဆုံး အော်ဟစ်ပစ်လိုက်ရာ ဦးလရောင်က နီရဲကာ ထိန်းချုပ်ထားရသော မျက်ဝန်းများနဲ့ ဒေါ်ပန်ထိပ်ထားအားကြည့်လာသည်
"ငါဘာလုပ်နေတာလဲ ဟက်လား ထိပ်ထား.....မင်းဘာလုပ်ခဲ့လဲဘဲ ပြန်စဉ်းစားကြည့်....."
ဦးလရောင်ရဲ့ အပြောမှာ ဒေါ်ပန်ထိပ်ထားဟာ တုန်လှုပ်သွားသည်
"ငါတို့ကို နဂါးနက်က လွတ်ပေးမယ်ထင်သလား ပန်ထိပ်ထား.....ဟမ်....အဲ့ဒီ့ စံ့ရဲ့သားဆယ်ကျော်သက်ကောင်လေး...... မဟုတ်ဘူးသူ့ကို မကောင်းဆိုးဝါးလို့တောင် ခေါ်နေကြတဲ့ ကောင်လေးက ငါတို့ကို လွတ်ပေးမယ်ထင်နေသလား....."
".........."
"သတ်ပစ်မှာကွ သတ်ပစ်လိမ့်မယ်"
ဦးလရောင်ဟာ ဒေါ်ပန်ထိပ်ထား လက်ညှိုးငေါက်ငေါက်ထိုးကာပြောလေသည်
"သွား သမီးကို သွားခေါ်ချည်......ငါတို့အခုဘဲ ထွက်သွားမှဖြစ်မယ်......."
ဒေါ်ပန်ထိပ်ထားလည်း အဲ့တော့မှ အခြေအနေကို ရိပ်စားမိကာ ခေါင်းအမြန်ငြိမ့်၍ လိုအပ်သည်များသိမ်းဆည်းရန် အပေါ်သို့ပြေးတက်သွားတော့သည်
ဦးလရောင် ဒေါ်ပန်ထိပ်ထားထွက်သွားမှ ထိုင်ခုံပေါ်ထိုင်ကျသွားကာ သူ့လက်များသာ တုန်လှုပ်စွာကြည့်နေမိသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....