ဘယ်ဆီမှာများလဲ ဘယ်ရင်ခွင်နားမလဲဒီချိန်ဆိုဘယ်သူနဲ့ရှိနေမလဲ?စိတ်ချလိုက်ချစ်သူရေမပြောင်းလဲတဲ့အချစ်တွေနဲ့ ထာ၀ရမင်းတစ်ယောက်တည်းကိုပဲ............
"အမယ် သီချင်းတညည်းညည်းနဲ့ လုပ်ဟိတ်ကောင် နေမကျခင်မှာထားတာတွေသွားပို့ပေးဦး"
"သွားမှာပါဖေဖေရဲ့ အဲ့အိမ်ကအန်တီကြီးက ပန်းပင်ဆိုပိုးကိုက်သလေး အပင်သေးသလေးနဲ့ ပွစိလွန်းလို့သမီးကသေချာစစ်နေတာပါ"
"ခုသူကမရှိတော့ဘူးသမီးရဲ့ သူ့သမီးပဲရှိတယ်"
"သေသွားလို့လားဖေဖေ?"
"ဟာ... မဟုတ်တာသမီးကလဲ သူ့ယောက်ျားအလုပ်က ရန်ကုန်မှာလုပ်ငန်းခွဲဖွင့်လို့ဆိုလား နီးတော့အဲ့မှာလိုက်နေတာ "
"ဪအဲ့လိုလား ဒါနဲ့သူ့မှာသမီးမရှိပါဘူး။သမီးတို့ခေါက်ခေါက်ခါခါ အပင်တွေသွားပို့လာတာ တစ်ခါမှတောင်မမြင်မိဘူး သူနဲ့အန်တီကြီးတစ်ယောက်ပဲတွေ့ပါတယ်"
"သူ့သမီးကလည်း သူ့အဖေနောက်မှာအလုပ်လိုက်လုပ်နေတာ အဲ့တာအလုပ်ကထွက်ပြီး ခုဒီကိုပြန်လာနေတာတဲ့ "
"အမယ်...အဖေကသူတို့မိသားစုအကြောင်းတွေသိလို့ပါလား ဖေကြီးလည်းစပ်စုတတ်တာပဲလား?"
"ဒီကောင်မလေးကတော့လေ မစပ်စုပါဘူး။မနက်စာဆိုင်မှာသွားစားရင်းနဲ့ကြားလာခဲ့တာပါ"
"ဟေ့ကဲ ဟုတ်ပဲနဲ့ ဖေကြီးစပ်စုလာတယ်ဆိုစပ်စုလာတယ်ပေါ့"
"စပ်စုရအောင် ငါကနင့်အမေကြရော"
"အာ့ဆိုဖေကြီးက အမေ့ကိုစပ်စုတယ်လို့ပြောချင်တာပေါ့လေ"
"တိုးတိုးပြောရဦးမယ် နင့်အမေကသူ့ကိုစပ်စုတယ်လို့မပြောနဲ့တဲ့ သူကသိချင်စိတ်ပြင်းပြတာတဲ့"
"ကျယ်ကျယ်ပြောတော့ ဘာလို့တုန်းဖေကြီးကြောက်လို့မလား၊ဟားဟား အမေ့ကိုကြောက်လို့မလား?"
"ကြောက်မနေဘူး ခင်ဝင်းတို့က ဗလနဲ့ဇနဲ့ကွ ဒီမှာကြည့်"
ဦးခင်းဝင်းသမီးဖြစ်သူကိုစရင်း သူ့လက်မောင်းတွေကိုကွေးကာ သန်မာတဲ့ယောက်ျားတစ်ယောက်ရဲ့လက်မောင်းကြလက်သားများကိုထုတ်ပြကာကြွားလုံးထုတ်လိုက်တယ်။
YOU ARE READING
ဟိုဘက်ခြံကနှင်းဆီ
Romantikအလွမ်းတွေသယ်လာတာမဟုတ်ပါဘူး အခါတိုင်းလိုပဲ ပန်းတွေသယ်လာခဲ့တာ...........