နောက်တစ်နေ့ရောက်သော်
"အိမ်ရှင်တို့ အိမ်ရှင်တို့"
အိမ်ရှေ့မှအမျိုးသမီးတစ်ဦးရဲ့ခေါ်သံကြောင့် မီးဖိုခန်းထဲမှ ဒေါ်ခင်အေးငြိမ်း အိမ်ရှေ့သို့လှမ်းကဲကာကြည့်လိုက်လေသည်။
"လာလာ သမီးရေ အန်တီထမင်းအိုးတန်းလန်းနဲ့မို့"
ဒေါ်ခင်အေးငြိမ်းရဲ့ခွင့်ပြုသံနှင့်အတူ ခြံထဲကိုအမျိုးသမီးတစ်ဦးဝင်ကာလာလေသည်။အချိန်ကား နံနက် ၇နာရီ။
"အန်တီ ခဏနေလာခဲ့မယ်နော်အိမ်ရှေ့ကခုံလေးမှာထိုင်ဦးသမီး"
"ဟုတ်ကဲ့ရတယ်အန်တီ"
ဒေါ်ခင်အေးငြိမ်းကထိုင်ပါဦးပြောပေမယ့် ထိုအမျိုးသမီးငယ်ကတော့မထိုင်နိုင်ပါ။ ခြံထဲမှအပင်တွေကို လိုက်ကာကြည့်နေမိသည်။ ကျယ်ဝန်းသည့်ခြံထဲတွင် အိမ်ထဲသို့ဝင်သောလမ်းခပ်ကျဥ်းကျဥ်းကိုသာချန်ကာ အပင်ငယ်များနှင့်အပင်ကြီးများအားစီရီစွာအိုးဖြင့်စိုက်ကာထား၏။ တစ်ထပ်သာရှိသောပျဥ်ထောင်အိမ်ခပ်သေးသေး၏ ခြေနှင့်ခေါင်းရင်းတွင်လည်း ပန်းပင်များစွာပြည့်ကာနေလေသည်။
"ဘယ်သူများလဲကွယ်"
ထမင်းအိုးငှဲ့ပြီးနောက်အိမ်ထဲကနေထွက်ကာလာတဲ့ဒေါ်ခင်းအေးငြိမ်းသည် အပင်များအားကြည့်ရှူကာနေသောအမျိုးသမီးငယ်အားခေါင်းအစခြေအဆုံးကြည့်မိလေသည်။ သူမမှာအသားဖြူဖြူနှင့် သည်မြို့မှာရှိသည့် လူအများ၏မျက်နှာနှင့်သိပ်၍မဆင်လှပါ ဝတ်ဆင်ထားသည်မှာလည်း အပေါ်တွင်တီရှပ်ခါးတိုအဖြူနှင့်အောက်ကမူထမီလိမ္မော်ရောင်လင်းလင်းအားဝတ်ဆင်ကာထားသည်။တင်ပါးအထိထိကာနေသည့် အနက်ရောင်ဆံပင်အားအဖြူရောင် ခေါင်းစည်းကြိုးတစ်ခုဖြင့် ခပ်မြင့်မြင့်စုစည်းကာထားလေသည်။မျက်နှာခပ်သွယ်သွယ် ကိုယ်လုံးကိုယ်ပေါက်နှင့်အရပ်မှာ လိုက်ဖက်လွန်းလှကာ အမျိုးသမီးတစ်ဦး၏အလှပေါ်လွင်၏။မျက်တောင်မှာမူကော့၍နေကာ မျက်ခုံးမွှေးကပါးသည် သို့သော် မျက်ခုံးမွှေးဆွဲကာထား၍အနည်းငယ်နက်၏။နှာတံသေးသွယ်ကာ နှုတ်ခမ်းလည်းပါးသည် ခပ်ဖျော့ဖျော့ပန်းရောင်နှုတ်ခမ်းနီကိုဆိုးထားပြီး ပါးမှာမူသနပ်ခါး ကိုခပ်သေးသေးပါးကွက်ကွက်ကာလူးထားလေသည်။သားရေစိမ်းဖိနက်အဖြူရောင်အားစီးကာထားပီး လက်သည်းတွင် ပန်းနုရောင်စိုးကာထားလေသည်။
YOU ARE READING
ဟိုဘက်ခြံကနှင်းဆီ
Romansaအလွမ်းတွေသယ်လာတာမဟုတ်ပါဘူး အခါတိုင်းလိုပဲ ပန်းတွေသယ်လာခဲ့တာ...........