clover🍀 13

760 57 3
                                    

....အရွယ်ကောင်းတုန်း လက်ဆတ်လှပတဲ့ ချစ်ခြင်းတရားတွေကိုခံစားနိုင်တာဟာ  ဘုရားပေးတဲ့ဆုလာဘ်ပဲ  မဟုတ်လား ခံစားပျော်၀င်လိုက်စမ်းပါ
ထပ်တူညီမျှ  ရှိတဲ့အခါ အချစ်တွေဟာသိပ်လှတယ်
ပြင်းပြင်းပြပြ ချစ်နိုင်တဲ့ စိတ်ခွန်အားတွေရှိနေတဲ့အခါ အချစ်တွေဟာပိုလို့ချိုမြိန်တယ်..

>>>

"Vita အစ်မနဲ့စျေးခဏလိိုက်ခဲ့ပေးဦး..."

ဧည့်သည်တွေပြန်သွားပြီး ညနေပိုင်းတွင်ဖြစ်သည်
မယမုံအပြင်သွားဖို့ခေါ်တော့  အပြစ်ရှိသလိုမျက်နှာနဲ့  Vita ထလိုက်သွားသည်...

စကားပြောဖို့ တမင်ခေါ်ထုတ်လာမှန် သူတို့စိတ်ထဲကသိနေခဲ့ကြသည်မဟုတ်လား....

ကိုထူးကတော့  ဘာမှမပြော  တစ်ခါတစ်လေစိတ်ကူးပေါက်မှ ထသောက်လေ့ရှိတဲ့ စီးကရက်ကိုသာ တွင်တွင်ကြီးဖွာနေတော့သည်....

တိတ်ဆိတ်နေတဲ့ သူ့အစ်ကိုကို ကြည့်ပြီး shine သက်ပြင်းသက်မအခါခါချမိနေတယ်
ဘယ်လိုစကားစပြီး ဘာတွေပြောသင့်လဲ သူစဥ်းစားမရ  နေရခက်နေတာတော့သေချာသည်....

သူ့အချစ်ရေးဖြစ်ဖြစ် တစ်ခုခုထုတ်မေးလာရင် သူအမှန်တိုင်း၀န်ခံဖို့အသင့်ဖြစ်နေပေမဲ့ စပြောဖို့တော့ခက်နေသည်....

မယမုံနဲ့ vita ရောအပြင်မှာဘာတွေပြောဆိုဆွေးနွေးကြမလဲ shine မသိ

Shine မျှော်လင့်မိသည်မှာ  အချိန်အကြာကြီး vita နဲ့အေးအေးချမ်းချမ်းအတူရှိသွားဖို့ တစ်ခုတည်းသာဖြစ်ပါသည်....

>>>>>

အနီးနားက စူပါမားကတ်ကို vita သူ့အစ်မ နဲ့အတူလမ်းလျှောက်လာခဲ့တယ်....

အတော်ကြာထိ ဘယ်သူမှစကားစမပြောဖြစ်ကြ....

"ကျွန်တော် shine ကိုချစ်တယ် အစ်မ  ကောင်းတာရော ဆိုးတာရော အကုန်လုံး သူ့နဲ့အတူရင်ဆိုင်ကျော်ဖြတ်ပြီး တစ်သက်လုံးအတူရှိသွားချင်တာ  သူ့လက်ကိုတွဲထားရင်  အရာအားလုံးကလွယ်ကူသွားတယ်  ဘ၀ကပိုပြီးအဓိပ္ပါယ်ပြည့်စုံလာတယ်
အနှေးနဲ့အမြန်သိမဲ့အတူတူ အစ်မတို့ကိုလည်း  ဖုံးကွယ်မထားချင်ဘူး...."

CLOVER 🍀Where stories live. Discover now