Part(9)

557 19 0
                                    


"သခင်တစ်ပါး၏မုန်းမာန်"

Part (9)
----------
----------

အနက်ရောင်မင်္ဂလာဂါဝန်ကြောင့် ဇီ စိတ်ထဲသိပ်အဆင်မပြေပေမဲ့ ဦး ရဲ့ရွေးချယ်မှုဖြစ်နေသည်မို့ ဇီ   ဘာမှစောဒကမတက်တော့။

အဟင်း!!
လက်ထပ်ပွဲ။ဟုတ်ပါသည်။
ဒီနေ့က ဇီအရမ်းချစ်တဲ့ဦးနဲ့ ဦးအရမ်းမုန်းတဲ့ဇီရဲ့လက်ထပ်ပွဲနေ့ပါ။
ဇီနဲ့ဒေါ်ရွှေရေးရေးခြယ်တို့ပြဿနာတက်ပြီး ၂ရက်မြောက်နေ့မှာ ဇီ့ကိုလက်ထပ်ရမှာသေရမလောက်ဖြစ်နေတဲ့ဦးကလက်ထပ်ပွဲကို လက်ခံပြီး ၁ပတ်အတွင်းချက်ချင်းကျင်းပခဲ့သည်။
ထိုလက်ခံမှုကကောင်းသောအခြင်းအရာတော့မဖြစ်နိုင်တာသေချာသည်။

"ရွှေရေးရေးခြယ်ကို Reyဂိုဏ်းသခင်ကြီး ဖမ်းထားတယ်...အဲ့ဒါနဲ့ ဦးသတိုးသိုက်ကိုခြိမ်းခြောက်ထားတာထင်တယ်...ဇီ!!!"

"အဟက်!!!!!ဦး...ဦး...
သူ့ကောင်မလေးကိုပြန်ပေးဆွဲထားလို့ လက်ထပ်ပွဲကိုချက်ချင်းလက်ခံလိုက်တာပဲ"

"Reyသခင်ကြီးက လက်ထပ်ပွဲပြီးမှ ရွှေရေးရေးခြယ်ကိုလွှတ်ပေးမယ်လို့ပြောထားသေးတယ်"

"အဟင်း"

အလင့်စကားကြောင့်ဇီ နာကျင်စွာပြုံးလိုက်မိသည်။
အလှပြင်ခန်းထဲမှာ ဇီတစ်ယောက်ထဲ ထိုင်နေမိသည်က ကျောက်ရုပ်တစ်ရုပ်အလား။
ဘယ်တတ်နိုင်ပါ့မလဲ။
နာကျင်ရမယ်မှန်းသိသိကြီးနဲ့ဇီကိုယ်တိုင်မြတ်နိုးစွာရွေးခဲ့တဲ့လမ်းပဲလေ။

>>> ဦးက ဇီ့အတွက် ဆုပ်လဲဆူး စားလဲရူးဖြစ်နေမယ်ဆိုရင် ဇီကတော့ဆုပ်ပြီးအဆူးမခံဘူး။
စားပြီးအရူးခံပလိုက်မယ်ဦး။
ဘာလို့လဲဆိုတော့ဇီကဦးကိုအရမ်းချစ်မိနေလို့လေ။

~~~~~~~~~~~~~~~~~~

လက်ထပ်ပွဲအချိန်နီးလာလေ သိုက်ဒေါသတွေအစိုးမရလေဖြစ်သည်။

"တောက်!!!! "

လွန်ခဲ့သောရက်အချို့က

"ဘုန်း"

သိုက် ကုမ္မဏီကရုံခန်းမှာစာရင်းလုပ်နေတုန်း စားပွဲပေါ်ကျလာသော ဓာတ်ပုံတွေကြောင့် သိုက်ယူကြည့်မိစဉ်တွေ့လိုက်ရသည်က အအခန်းတစ်ခန်းထဲမှာ ကြိုးတွေတုတ်ထားလျက်ပုံလျက်သားလဲကျနေသည်က ရွှေရေး။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now