<Unicode>
ထိုလူရဲ့ဒဏ်ရာတွေကတော့ပြင်းထန်လွန်းတဲ့အတွက်တခါတည်းနဲ့တော့သူကုသမပေးနိုင်ပါထိုကြောင့်တဖြည်းဖြည်းချင်းသာပျောက်အောင်ကုပေးရတော့မည်ဖြစ်သည်။
သို့ပင်မယ့်လည်းအချိန်သိပ်ဆွဲးလို့မရပါပေမြို့ထဲမှာဖြစ်ပျက်နေသမျှအသံတွေကဒီအထိလာရိုက်ခတ်နေတာဖြစ်လို့ဘာတွေဖြစ်နေမှန်းမသိသော်လည်းကောင်းသည့်အရာမဟုတ်မှန်းတော့သိသည်။
အစကတော့သူလည်းအခွင့်ရှိရင်ထိုနေရာကိုသွားကာကူညီလို့ရရင်ကူညီပေးရမည်ဟုစဉ်းစားထားကာအခုတော့လူမမာတစ်ယောက်ကသူ့အိမ်ပေါ်လာသောင်တင်နေပြန်ပြီး...
တော်သေးတာကထိုလူကလည်းစွမ်းအားရှင်တစ်ယောက်ဖြစ်နေတာမလို့သူ့ခန္တာကိုယ်ကလည်းအလိုအလျောက်ကုစားနိုင်စွမ်းရှိကာသူ့စွမ်းရည်နဲ့ပေါင်းလိုက်တော့သိပ်မကြာခင်ဒဏ်ရာတွေပျောက်ကင်းသွားနိုင်သည်။
ယောင်ဖန်ထင်သည့်အတိုင်းပင်နောက်နေ့မှာပဲထိုလူဒဏ်ရာတွေကသက်သာပျောက်ကင်းသွားကာယခုထိသတိမလည်သေးသော်လည်းမကြာခင်နိုးလလိမ့်မည်ဟုခန့်မှန်းရတာပင်...
"အာ့....ကျွတ်"
မူးဝေနေသည့်ခေါင်းကြောင့်ရုတ်တရက်ထထိုင်လိုက်မိသည်ကိုပင်နောင်တရသွားရသည်။
သူ့ခန္တာကိုယ်ကိုစစ်ဆေးကြည့်တော့မည်သည့်ဒဏ်ရာမှမကျန်ရှိတော့ပေ..အတွေးတို့ကဘင်ရှန်းမြို့ကိုရောက်ပြီးသည့်အချိန်ကိုရောက်ရှိသွားရသည်။
ထိုတုန်းကသူတွေးထားသည့်အတိုင်းပင်နောက်တစ်နေ့မှာမျိုးရိုးဗီဇပြောင်းသားရဲကိုတိုက်ခိုက်ရန်အတွက်ရေခဲမီးတောက်အဖွဲ့သားတချို့နဲ့အတူမြို့တော်နယ်နိမိတ်ထဲကနေထွက်လာခဲ့ကြသည်။သူတို့မထင်ထားခဲ့သည်ကာမျိုးရိုးဗီဇပြောင်းသားရဲတွေကတစ်ကောင်တည်းတောင်မဟုတ်သန်းနဲ့ချီသောအကောင်းပေါင်းများစွာရှိနေခဲ့ကာသူတို့အဖွဲ့ကကံကောင်းစွာဆယ်ကောင်အထက်သားရဲတွေနဲ့သာတွေ့ဆုံခဲ့ရတာဖြစ်လို့လွတ်မြောက်ခဲ့သော်လည်း
အကုန်လုံးကဒဏ်ရာအပြင်းအထန်ရကာလူစုကွဲးသွားကြပြီးသူကတော့ဒီတောအုပ်ထဲကိုရောက်လာခဲ့ရကာကျန်တဲ့သူတွေကတော့သူတို့အဖွဲ့အစည်းထဲကိုပြန်ရောက်သွားသည်လားသို့မဟုတ်ဘယ်ရောက်သွားကြသလဲတော့သူလည်းမသိပါချေ...