🌊

662 90 43
                                    

ပူပြင်းပြင်း ​နွေရာသီတစ်ခုမှာ ကမ်း​ခြေကလာတဲ့
ပင်​လယ်​လေ​ကြောင့်သာ ​နေရထိုင်ရအဆင်​ပြေတာ။
ဒီလိုအချိန်ဆို ပင်လယ်ကမ်း​​ခြေအနီးအနားကရွာ​လေး​တွေဆီက​နေ က​လေး​တွေ​ဆော့သံ၊လူကြီး​တွေဝိုင်းဖွဲ့စကား​ပြောသံ​တွေက
ဆူညံ​နေလျက်။​​နေ့တိုင်း​မြင်​တွေ့​နေရတဲ့ လှိုင်းလုံးကြီး​တွေကလည်း ဘယ်​တော့မှ မြင်​တွေ့ရတာ ရိုးသွားတယ်ဆိုတာမရှိ။

"ဦးဦး ဒီ​နေ့​ရော ​ရေသူမ​​လေးနဲ့ ​တွေ့ခဲ့တဲ့
ကိုကိုအ​ကြောင်း ပုံပြင်ပြောပြမှာမလား"

အရိပ်ရတဲ့ နှစ်ချို့​ပင်ကြီး​အောက်မှာ
ထိုင်ပြီး က​လေးအချို့က ​ပင်လယ်နဲ့ ပတ်သက်တဲ့ ပုံပြင်​တွေကို အမြဲ​နား​ထောင်​လေ့ရှိတယ်။
အဲထဲမှာ ဘယ်​တော့​ပြော​ပြောရိုးသွားခြင်းမရှိတာက​တော့ ​ ရေသူမ​တွေ အ​ကြောင်းပဲ။

"​မင်းတို့ နား​ထောင်ချင်ရင် ​ရေသူထီး​လေးအ​ကြောင်း​ပြောပြမှာ​ပေါ့"

ဘယ်​လောက်ပဲ ​ရေသူထီးလို့ အမှန်ပြင်​ပေး​ပေး
က​လေး​တွေက သူတို့ကြည့်ဖူးတဲ့ ​ရေသူမ
ကာတွန်းကားထဲက ​ရေသူမလို့  ထင်​နေကြဆဲ။ဒါကလည်း ယုံတမ်း​ပုံ​ပြင်​တွေ၊ကာတွန်း​ကားတွေထဲမှာကိုက ​ရေသူမ​​တွေအ​ကြောင်းပဲရှိတာကို။

အိပ်ရာ၀င်ပုံ​ပြင်​တွေလို ဟိုး​ရှေး​ရှေးတုန်းကနဲ့ မစတဲ့
အတိတ်ကမှတ်ဉာဏ်​တွေကို ပြန်တူးဆွရင်း....

***

"​​တော်ပြီ ငါ မူး​နေပြီ ခဏ​လေညင်းသွားခံမှရ​တော့မယ် မဟုတ်ရင် အန်ထွက်​တော့မယ်"

"ဒါဆိုလည်းသွား"

​သူငယ်ချင်းကို လက်တကာကာပြရင်း
တစ်​ယောက်တည်း ​ကျောက်​ဆောင်​တွေဘက်
ထွက်လာခဲ့လိုက်တယ်။ကမ်း​ခြေကိုအလည်လာရင်း လူငယ်သဘာ၀ ကမ်း​ခြေသဲ​သောင်ပြင်မှာ အသားကင် ပါတီလုပ်ကြ၊​သောက်ကြ၊စားကြရင်း
ဘယ်နှစ်ခွက်​မြောက်မှန်း မသိ​အောင် ​သောက်ပြီး​နောက် ဂယူဗင်း ​ရေချိန်​ကျော်သွားပြီမှန်းသိလိုက်ရတယ်။

ညဥ့်နက်​​နေပြီဆို​​တော့ ကမ်း​ခြေမှာ လူကမရှိ
သ​လောက်ပဲ။ဂယူဗင်းက ​ကျောက်​ဆောင်​တွေဘက်ထွက်လာတာမို့လို့ လူက ပိုရှင်း​နေတယ်။လှိုင်းသံ​တွေက မနက်ဘက်ဆို နား​ထောင်လို့​ကောင်း​ပေမဲ့
ညဘက်လူ​ခြေတိတ်​နေချိန်မှာ​တော့ အနည်းငယ်​ထိတ်လန့်စရာ​ကောင်းတယ်။

Enchantment Beneath the WavesWhere stories live. Discover now