Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၂၃)။
လူတိုင်းရှော့ခ်ရနေစဥ် အခြားတောင်နှစ်လုံးပေါ်ကအစီအရင်မှဓားပျံနှင့်လူဒါဇင်လိုက်ရောက်ချလာသည်။ ယန်းချီစစ်နှင့်အခြားသူများပိတ်မိနေတာမြင်သွားတော့သူတို့ထဲကတစ်ယောက်ကရယ်မောလာချေသည်။
လင်ခုံးလုခေါင်းလှည့်ကြည့်လိုက်တော့ဇစ်ရွှမ်းနှင့်အခြားသူများကိုမြင်လိုက်ရသည်။
ဒါပေမဲ့၎င်းကမထင်မှတ်ထားတာမဟုတ်ပေ။ တြိဂံအစီအရင်မှာအစီအရင်မျက်လုံးသုံးလုံးရှိသည်။ ယွမ်ရွှီတစ်ယောက်တည်းနှင့်ဖွင့်လို့မရ။ အခြားတောင်နှစ်လုံးပေါ်မှာပူးပေါင်းဆောင်ရွက်နေသည့်တစ်ယောက်ယောက်ရှိရမည်ပင်။
ဒုတိယအနေနှင့်ယန်အကြီးအကဲကဘက်ပြောင်းနိုင်ပေမဲ့ဇစ်ရွှမ်းနှင့်အခြားသူများကတော့မလုပ်နိုင်လောက်။ ယွမ်ရွှီသူတို့ကိုစည်းရုံးလိုက်တာဖြစ်ရမည်။
သေချာတာပေါ့၊ ဂိုဏ်းချုပ်ဇစ်ရွှမ်းကသူ့မုတ်ဆိတ်သူပွတ်သပ်ကာစိတ်လှုပ်တရှားဆိုလာသည်။
"မိတ်ဆွေဟောင်းယွမ်ရွှီ၊ မင်းငါ့ကိုတကယ်မလိမ်ခဲ့ဘူးပဲ။ ဒီနည်းကနဂါးမျိုးနွယ်စုသခင်လေးကိုမျှားထုတ်နိုင်ခဲ့တာပဲ။ သိပ်ကောင်းတယ်၊ အရမ်းကောင်းတယ်။""အခုဆိုငါတို့မှာနဂါး၊ ဖီးနစ်နဲ့ချီလင်ဝိညာဥ်သုံးခုရှိနေပြီ။ မသေမျိုးတက်လှမ်းခြင်းအစီအရင်ဖွင့်လို့ရသွားရင် ငါမသေမျိုးအဖြစ်တက်လှမ်းမှာကိုစောင့်နေကြအုံးနော်၊ နောက်ဆုံးတော့ နောက်ဆုံးတော့၊ ဟားဟားဟား!"
စကားအဆုံးတွင်ဂိုဏ်းချုပ်ဇစ်ရွှမ်းမှာစိတ်လှုပ်ရှားလွန်းလို့သူ့လက်များပင်တုန်ရီနေပြီး သူ့မျက်လုံးများကယန်းချီစစ်ပေါ်မှာရှိနေကာလောဘအပြည့်ပင်။
နဂါးဝိညာဥ်၊ အရင်တုန်းကနဂါးဝိညာဥ်မရှိလို့သူတို့မသေမျိုးအဖြစ်မတက်လှမ်းနိုင်ခဲ့ဘူး။
နှစ်ရာချီကြာပြီ၊ မဟုတ်သေးဘူး၊ နှစ်တစ်သောင်းရှိပြီ။ ကျင့်ကြံရေးလောကရဲ့စိတ်စွမ်းအားပြန်ရှင်လာကတည်းကဘယ်သူမဆိုမသေမျိုးအဖြစ်တက်လှမ်းနိုင်ခဲ့ဖူးလား။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့