Episode-4

251 54 12
                                    

Unicode 

မင်္ဂလာပါ ကျွန်တော်က ကင်မ်ဆော့ဂျင်ပါ။ အသက်၂၀ စီးပွါးရေးမေဂျာနဲ့ တက္ကသိုလ်ပထမနှစ်ကျောင်းသားပါ

ကျွန်တော်က ကိုယ်ကျောင်းတက်ဖို့ ကိုယ့်သုံးစရိတ်အပြင် အိမ်လခ ကျောင်းလခ ရေဖိုးမီးဖိုးအကုန် ကိုယ်တိုင်စီမံရတဲ့အသက်ငယ်ငယ်အိမ်ထောင်ဦးစီးပေါ့

အိိမ်ထောင်ဦးစိဆိုလို့ မိသားစုရှိတယ်မထင်ပါနဲ့ ကျွန်တော့်မိသားစုကကျွန်တော်ပါပဲ အဖေကတော့ ကျွန်တော့်အသက်၁၈ ထဲက ထာဝရအိပ်စက်သွားပြီး အမေကတော့..... အမေဆိုတာ ကျွန်တော့်ဘဝမှာမရှိပါဘူး

အဖေဆုံးပြီးထဲက ကျွန်တော်တစ်ယောက်ထဲရှင်သန်ရတာပေါ့
ကျွန်တော်က ငယ်ငယ်ထဲကဂျီကျတက်တဲ့လူဗျ
အထီးကျန်တာကိုကြောက်တယ်။ အမှောင်ကိုကြောက်တယ်။ မိုးရွာရင်ကြောက်တယ်။ အဲ့ချိန်ကတော့ အဖေကအနားအမြဲရှိပေးတယ်လေ ကျွန်တော့်မှာကြောက်စရာဆိုတာကို မခံစားခဲ့ရဘူး

အဖေဆုံးတော့ အဖေနဲ့အတူနေခဲ့တဲ့ အိမ်ကျဉ်းလေးမှာကျွန်တော်တစ်ယောက်ထဲပဲ
အထီးကျန်တာကိုခံစားမိတယ်
မှောင်တဲ့အချိန်ဆိုဖက်ထားပေးမယ်အဖေမရှိဘူး
မိုးရွာရင် အာရုံလွဲရအောင် စကားပြောပေးမယ့် အဖေမရှိဘူး
ကျွန်တော်ပြိုလဲချင်ပေမယ့် ထူပေးမယ့်လူမရှိတော့ဘူး
အဖေမရှိတော့တာဟာ ကျွန်တော့်အတွက်ဆုံးရှုံးမှုကြီးတစ်ခုပါ။

အပေါင်းသင်းဖော်မင်တဲ့ကျွန်တော့်အတွက် သူငယ်ချင်းဆိုတာမရှိခဲ့ပါဘူး
အထက်တန်းကျောင်းတုန်းကလဲ မရှိခဲ့သလို
တက္ကသိုလ်ရောက်တော့လဲ ဆင်းရဲလို့တဲ့ဘယ်သူမှအပေါင်းသင်းမလုပ်ခဲ့ဘူး

ငါသာစာတော်ရင် သူတို့လက်ခံမှာပဲလို့တွေးမိပြီး စာကြိုးစားခဲ့ပါတယ် ရလဒ်ကတော့အဆင့်၁တဲ့
ဒါပေမယ့်ငွေမရှိတော့ စာသင်ပေးတဲ့ဆရာကအစ အဆင့်၁ကျောင်းသား ကျွန်တော့်ကို ဂုဏ်ပြုရမယ့်အစား

တစ်တန်းလုံးရဲ့ နောက်ဆုံးအဆင့် ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ရဲ့သားကိုပဲ တော်ပါတယ်လို့ချီးကျူးသတဲ့

A Heart of the DRAGON Where stories live. Discover now