"ဂျီယွန်းနား.."တိတ်ဆိတ်နေတဲ့ လေထုကြားထွက်ပေါ်လာတဲ့ အသံလေး။
"တောက်ခ်!"
ဂျီယွန်းစိတ်တိုစွာ တောက် ခေါက်လိုက်တော့ တစ်ဖက်က အမျိုးသမီး မှာ တုန်ပါတက်သွားသည်။
"ဒီမှာ ဘန်ဂျီမင်း! ကျွန်မ မိန်းကလေးချင်းလဲ သဘောမကျသလို၊ ရှင့်ကိုလဲ သဘောမကျဘူး။ အဲ့တာကြောင့် ကျွန်မ နောက် တကောက်ကောက်မလိုက်ပါနဲ့တော့!"
ဂျီယွန်း စိတ်ရှုပ်စွာ အော်ပြောလိုက်သည်။
ဘန်ဂျီမင်း...။
ဘန်ဂျီမင်းဆိုတဲ့ ကောင်မလေး၊အင်း.. သူမထက်ကြီးတယ်ဆိုပေမယ့်ပေါ့။ ထိုကောင်မလေးဟာ သူမအား လိုက်နေသည်မှာ ၃လ လောက်ပင်ရှိလေပြီ။
ဂျီယွန်းက အလွန်နာမည်ကြီးတဲ့ ဒုတိယနှစ်က ကျောင်းသူအလှလေး။ ရည်းစားရှူပ်သလို အပေါင်းအသင်းလဲများတဲ့ သူတစ်ယောက်။ သူမ စိတ်ဝင်စားတာဆိုလို့ အပျော်အပါး တစ်ခု ပဲရှိသည်။
ဘန်ဂျီမင်းကတော့ သူမနှင့် ဆန့်ကျင်ဘက်ပင်။ တတိယနှစ် ကျောင်းသူတစ်ဉီးဖြစ်ပြီး အေးအေးဆေးဆေးနေတတ်သူပင်။ သူငယ်ချင်းဆိုလို့ ရူဆာရန်း နှင့် မိုင် ဆိုသည့် နှစ်ယောက်သာရှိသည်။ ဂျီမင်းက ပညာရေးကလွဲရင် ဘာကိုမှ စိတ်မဝင်းစားခဲ့သူပေ။ ယခုတော့ ဂျီမင်း စာအပြင် စိတ်ဝင်စားစရာ ဖြစ်တည်မှုလေးတစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုသူမှာကား ဒုတိယနှစ်က မမလေး ယွန်းဂျီယွန်းပင်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
လွန်ခဲ့တဲ့နှစ်လ
"ဂျီမင်း အွန်နီး!! ကန်တင်းသွားရအောင်လေ။"
ဆာရန်းက နေ့တိုင်း လုပ်နေကြအတိုင်း သူမအား ကန်တင်းသွားရန်လာခေါ်သည်၊ အဖြေကိုသိနေသော်လည်းပေါ့။
"အာ ဆာရန်းနား၊ အွန်နီး မလိုက်တော့ဘူးနော်။ စာလုပ်စာရာလေးရှိနေလို့။"
ဆာရန်းကတော့ ထုံးစံအတိုင်း နှုတ်ခမ်းလေးစူကာ
"ဟွန့်! ပြီးတာပဲ။ ဘာစာတွေလုပ်နေလို့ ကန်တင်းကို ဘယ်တော့မှာ မလိုက်ရတာလဲမသိဘူး။ ကန်တင်းကို ဘယ်တော့မှ မလာဘူးလို့ ကျိန်ထားသလား အောင်းမေ့ရတယ်။"