GEMINI

2.2K 101 39
                                    

ငါ့သူငယ်ချင်းက ထူးဆန်းတယ်။

"Fourth! ကျွန်တော့်ကိုစောင့်ဦး"

အိပ်ချင်မပြေသေးသည့်မျက်လုံးများဖြင့် ဘတ်စ်ကားပေါ်တက်ဖို့လုပ်တုန်းကြားလိုက်ရသည့်အော်သံကြောင့် ငါမျက်လုံးကိုတစ်ချက်ပွတ်ကာ အသံလားရာသို့လှမ်းကြည့်လိုက်သည်။

လက်လှမ်းပြကာ အနားသို့ပြေးလာသည့်ထိုကောင်လေးက ငါ့ရှေ့မှာသာလာရပ်နေတာ အိပ်ချင်မပြေသေးတာကြောင့်မျက်နှာကခပ်ဝါးဝါးရယ်။

"အိပ်ရေးမ၀ဘူးမလား တစ်ကယ်ပါပဲမနေ့က တစ်နေကုန်စာလုပ်နေတာမလား"

"ဩ ဩ"

အသံကိုကြည်ကြည်လင်လင်ကြားမှပဲ အမြင်တို့ကြည်လာကာ ငါ့ရှေ့မှာရပ်နေသူဟာ တစ်ဦးတည်းသောအိမ်နီးချင်းလေး geminiဖြစ်မှန်းသိတော့သည်။

"ရော့ အစာပြေလေးအဖြစ်သောက်လိုက်"

သူ့လွယ်အိတ်ထဲကနေ ငါကြိုက်သည့်ဒိန်ချဉ်ဘူးကမ်းပေးလာတာကြောင့် ငြင်းမနေတော့ပဲအပြုံးလေးဖြင့်သာ လှမ်းယူလိုက်သည်။

"ဩ ဘတ်စ်ကားတောင်ထွက်သွားပြီပဲ"

"အယ်!?"

Geminiကိုပဲအာရုံစိုက်မိသွားသည်ဖြစ်ရာ မနက်ပိုင်းဘတ်စ်ကားလွှတ်သွားတာကြောင့် အစောကမှကြည်လာသည့်စိတ်လေးပြန်နောက်သွားကာ အသံတိတ်ငိုမိတော့သည်။

မနက်ပိုင်းချိန်တော့နောက်ကျပါပြီ။အတန်းပြေးတယ်ထင်ပြီးဆရာကြီးသာမိရင် ငါတော့သေပါပြီလေ။

"စိတ်မပူပါနဲ့ taxiငှားလို့ရပါသေးတယ်"

အကြီးအကျယ်စိတ်ပျက်နေပုံပေါက်သည့်ငါ့ကိုgeminiကအပြုံးလေးနဲ့ပြောလာတော့ နှာခေါင်းတစ်ချက်ရှုံ့ကာ ခေါင်းခေါက်ပေးလိုက်သည်။

"taxiခဏ ဈေးကြီးတယ်ကွ ငါ့ရဲ့နှစ်နှပ်စာလေးကိုတော့အပါမခံနိုင်ပါဘူး"

တစ်ကယ်လည်းဘတ်စ်ထက်taxiခကဈေးကြီးပါသည်။တက္ကသိုလ်ပထမနှစ်နဲ့ရုန်းကန်နေရတဲ့ငါ့အဖို့တော့ ခြွေတာရေးဆင်းကာ ပိုက်ဆံကုန်မဲ့အလုပ်ဆိုဝေးဝေးကရှောင်ပါသည်လေ။

"ကျွန်တော်ရှင်းပေးမှာပါ ဟော ဟိုမှာtaxi!"

ပါးစပ်တောင်မဟရသေးtaxiတစ်စီးလှမ်းတားကာ ငါ့အားပခုံးကကိုင်ပြီး ကားနောက်ခန်းထဲအတင်းထိုးထည့်သည့်တစ်ကောင့်သားကြောင့် ငါ့ခေါင်းတွေပင်ပူသွားသည်။

Luxury x GMI baby (geminifourth ff✅)Where stories live. Discover now