Part-4

1.3K 71 6
                                    

ကားကို နွေတစ်ယောက် အိမ်သို့ ဘယ်လိုမောင်းခဲ့လဲမသိ အိမ်တော့ချောချောမွေ့မွေ့ ပြန်ရောက်သွားခဲ့သည်။ ကားပေါ်က အဆင်းကို အိမ်အကူများက လာဆွဲရသည်။

" ဟေး...မဆွဲနဲ့ ရတယ်...သူ့ကိုလည်းမထိနဲ့ ဒါနဲ့ ဒယ်ဒီတို့ရော အိပ်ပြီလား"

" အိပ်ကုန်ပြီ မမလေး"

" ဒါဆို မနက်ကျမှ ဧည့်သည်ရောရှိတယ်လို့ပြောထားလိုက်"

" ဟုတ်ကဲ့"

" ခြံတံခါးတွေပိတ်လိုက်တော့"

နွေက ဆွေးဥဩကို တွဲကာ လှေကားပေါ်သို့တက်လေသည်။ သူ့အိပ်ခန်းက တတိယထပ်တွင်ရှိသောကြောင့် ဖြေးဖြေးချင်းတက်နေရသည်။ ဒုတိယထပ်ရောက်လျှင် အခန်းထဲမှ ထွက်လာသော နစ်ကီ ( နစ်ကိုးလပ်စ်) နှင့်တွေ့လေသည်။

" ဟေး...ဘရို..သူက"

" ငါ့ဧည့်သည်..ဘားသွားပြီး မသောက်ဖူးဘဲသောက်တာမူးနေလို့"

" အဆန်းဘဲ..."

" အခု ဘယ်သွားမလို့လဲ"

" ကိုကို( နွေ၏အကိုကြီးမင်းဘုန်းအောင်) က ညလယ်စာစားချင်လို့တဲ့ အဲဒါ အောက်မှာ တစ်ခုခုပြင်ပေးမလို့"

" နစ်ကီ့ကိုမစားဘူးလား"

" ဟယ်...ဗိုက်ထဲအစားဝင်မှ ခွန်အားသုံးတဲ့ကိစ္စလုပ်ရတာလေ"

" ဪ...ဒါဆို နွေ့ဖို့ ကြက်ဥမွှေကြော်တစ်ချပ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နဲ့ကြော်မှာနော်၊ ပြီးတော့ခေါက်ဆွဲ၂ထုပ်ပြုတ်ပေး၊ ကင်ချီရောထည့်ခဲ့ပေး"

" ဘရိုက ဘာလုပ်ပေးလို့လဲ"

" အကိုတစ်ယောက်လုံးပေးထားတာနော်"

" အဲဒါနဲ့ပဲနိုင်စား သိလား"

နစ်ကီက နွေ့ခေါင်းကိုတစ်ချက်ပုတ်ကာ အောက်သို့ဆင်းသွားလေသည်။ နစ်ကီက အသားဖြူဖြူ အရပ်ရှည်ရှည်၊ ပိန်သွယ်သွယ်နှင့် တစ်မျိုးကြည့်ကောင်းသည်။ ဆံပင်ရွှေရောင် ကောက်ကောက်လေးများက သူ့အမှတ်အသားတစ်ခုပင်။ နစ်ကီက ခဲအိုဖြစ်သော်လည်း မောင်နှမသားချင်းမရှိဘဲ တစ်ဦးတည်းသောသားမို့ နွေတို့ကို ညီမလေးလို ချစ်သည်။ နွေကလည်း အကိုတစ်ယောက်လို စနောက်၍ ချစ်သည်။

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now