Unicode
ဗွမ်းးးးး
ရုတ်တရက်ကြီးမို့ ရန်ရင်းအတော်လေးလန့်သွားပြီး လူတစ်ကိုယ်လုံးကလည်း ရေထဲကိုမြုပ်သွားလေသည်။
အနောက်ကနေ ဗြုန်းစားကြီးရောက်လာတဲ့မက်စွန်က ရေချိုးနေတဲ့သူ့ကိုကောက်ပွေ့ပြီး bathtubထဲကိုပြစ်ချလိုက်တာဖြစ်သည်။ဘယ်လိုလုပ်ပြီး ရေချိုးတဲ့နေရာအထိဒုက္ခလိုက်ပေးနေရတာလည်း!
ဖူးးး
ရေထဲကနေထွက်လာတော့ ရေတွေကိုအန်ထုတ်ပြီး အသက်ကိုအသဲအသန်ရှုရလေသည်။
"မင်း... ဘယ်လိုလုပ်လိုက်တာလဲ "
သူမေးတော့မက်စွန်ကဟက်ဟက်ပက်ပက်ရယ်သည်။
"မင်းတော်တော်လေးရယ်ရတယ်... "
ရန်ရင်းသူ့ရဲ့အောက်နှုတ်ခမ်းလေးကိုသွားနဲ့ဖိကြိတ်လိုက်မိသည်။ဘောင်ပေါ်မှာထိုင်နေပြီး သူ့ကိုမိုးကာကြည့်နေတဲ့ကောင်က တစ်ကိုယ်လုံးမှာလည်းဘာမှမဝတ်ထား။
"မင်းဘာဖြစ်နေတာလဲ "
"ဘာဖြစ်ရမှာလဲ... မိန်းမကိုလာစတာလေ "
မျက်နှာရူးနေတဲ့ကောင်ကိုကြည့်ပြီး ရန်ရင်းအသားတွေတုန်သည်အထိဒေါသထွက်သွားရသည်။အရင်လို မျက်နှာသေနဲ့မှပိုအဆင်ပြေနေအုံးမယ်။အခုလိုအနေအထားကြီးနဲ့ဘယ်လိုမှနေသားမကျ...
သို့ပေမဲ့လည်း ရန်ရင်းစကားတွေကိုပိုရှည်အောင်မလုပ်ချင်တာမို့ bathtubထဲက ပြန်ကုန်းထလိုက်ပြီး ရေပန်းအောက်မှာရပ်ကာ ရေချိုးဖို့ပြင်လိုက်သည်။အငြိမ်မနေ မျက်နှာရူးနေတဲ့ကောင်က ထိုအထိလိုက်လာကာ အနောက်ကနေသိုင်းဖက်ပြီး သူ့ရဲ့ရေချိုးခြင်းအမှုကိုအနှောင့်အယှက်လိုက်ပေးနေလေသည်။
"ကျစ်... မင်းဘယ်လိုဖြစ်နေတာလည်း ! ငါရေချိူးပြီးတာနဲ့ ချက်ချင်းထွက်လာမှာမို့ မင်းစောင့်နေပေး "
ထိုစကားကိုအရေးမစိုက်ပဲ မက်စွန်က ရန်ရင်းကိုပိုပြီးတင်းတင်းကြပ်ကြပ်ဖက်လိုက်ကာ လည်ပင်းသားလေးတွေကို ဖိလိုက်ကိုက်လိုက်သာလုပ်နေလေသည်။
"တူတူချိုးမယ်လေ ကောင်းတယ်မဟုတ်လား "
"မင်းး ရူးနေလား ဟ့ အ"