Part 4

13.5K 115 1
                                    

ကြမ်းတမ်းသောအမှောင်ညများ-(Part-4)🚨🚨

''ပန်းဟေနွယ်သေချာပြီလား''

''သေချာပြီပေါ့ကိုရယ် ကိုလည်းသိတဲ့အတိုင်းပဲ''

''နွယ် ဥဒေါင်းလေးကို မင်း သမီးအရင်းလေးလို လိုချင်နေတာက သိပ်တော့မဟုတ်သေးဘူး ကိုပြောပြမယ်၊ လူတစ်ယောက်ကို လိုချင်တယ်ဆိုတိုင်း လိုက်ဝယ်လို့ရတာမဟုတ်ဘူး၊ သူ့မှာအမေအရင်းတစ်ယောက်လုံးရှိနေသေးတယ်၊ တကယ်လို့ မပြောကောင်းမဆိုကောင်း မေနွယ်ယိမ်းသာ ဒီလောကကြီးမှာမရှိတော့ဘူးဆိုရင်တော့တစ်မျိုးပေါ့၊  ဟုတ်တယ်မလား ကိုယ်လိုချင်တာတခုပဲ ရှေ့တန်းတင်လို့မရဘူးလေ၊ ကိုပြောတာနားလည်လား''

''မသိဘူးမသိဘူးကို နွယ်ကတော့ ဥဒေါင်းလေးကိုမွေးစားချင်တာပဲသိတယ်''

''ဘယ်လိုမွေးစားမှာလဲ မိခင်တစ်ယောက်လုံးရှိနေတဲ့ကလေးမကိုတော့ ဘယ်မိခင်မှ နွယ်လက်ထဲမထည့်ဘူး ကို ရှင်းပြတာ နားလည်စမ်းပါနွယ်''

ဦးသီဟဘုန်းပြည့်ရဲ့ စကားက ယုတ္တိရှိနေတော့ ပန်းဟေနွယ် ခေတ္တခဏ တိတ်ဆိတ်သွားသည်။

''နွယ် တစ်ခုစဉ်းစားထားတာ ရှိတယ်''

''ပြောပါဦး ကိုလိုက်လျောနိုင်တာဆို လိုက်လျောပေးမယ်၊ ခုနကလိုမျိုး မိခင်အရင်းရဲ့ အုပ်ထိန်းမှုအောက်မှာရှိနေတဲ့ ကလေးမတစ်ယောက်ကို ကိုယ့်သဘောအတိုင်း လိုချင်တယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး၊ ပြောပါဦး မြေးလေးလည်းရှိနေတာကို ဘာကြောင့် ဥဒေါင်းလေးကိုမှ အသည်းအသန်လိုချင်နေရတာလဲ''

အိမ်နီးနားချင်းလေးမို့ ခင်မင်ရင်းနှီးနေတာကိုလက်ခံပါသည်။ သမီးလေးလို ချစ်နေတာကိုလည်းလက်ခံပါသည်။ ဒါပေမဲ့ ကလေးကို သူမအပိုင်လို လိုချင်လို့တော့ မရနိုင်ဘူးလေ။

'' သားကြီး..''

''ဘယ်လို သားကြီး..''

နွယ်ဆီက သားကြီးဆိုတဲ့နာမည်ထွက်ကျလာတော့ဦးသီဟ တစုံတခုကို တွေးမိသွားသည်။ လင်မယားနှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းဆုံမိကြပြီး..

''မင်းဟာကမဟုတ်သေးဘူးနော်''

''ဘာလို့မဟုတ်ရမှာလဲ ဟုတ်တယ် ဟုတ်ကိုမှ ဟုတ်ဟုတ်ကိုမြည်နေတာပဲ၊ အဟင်း ရှင် အသာနေစမ်း၊ ဒီကိစ္စကို ကျွန်မဖြစ်အောင်လုပ်ပြမယ် အဟင်း''

ကြမ်းတမ်းသောအမှောင်ညများ🚨🚨🔞Where stories live. Discover now