လီနို အခု ပြင်သစ်ရဲ့ ထိပ်တန်းဆေးရုံတစ်ခုသို့ရောက်ရှိနေသည်။
"ဒေါက်တာ မန်နိုဘန် အခုလို ပါဝင်ကူညီတာ။အရမ်းကိုကျေးဇူးတင်စရာကောင်းတယ်"
"မဟုတ်တာပဲ ဒေါက်တာ ဂျက် ကျွန်မက ဒီတိုင်းပေါ့ပေါ့ပါးပါးလေးပါပဲ ဘာမှ အထွေးအထူးလုပ်လိုက်ရတာမရှိပါဘူး"
"အင်း ဝန်ကြီးကောင်းတစ်ယောက်ဆိုတော့ ကျွန်တော်တို့ ကယ်ရကျိုးနပ်ပါတယ်"
လီနို ပြုံးသာနေလိုက်သည်။
ဝန်ကြီး အန်တိုနီ ဟာ မူးယစ်ဆေးဂိုဏ်တစ်ခုကိုဖြိုခွဲဖို့ကြိုးစားရင်း လုပ်ကြံခံလိုက်ရကာ ဦးခေါင်းကိုအပြင်းအထန်ထိခိုက်သွားသည်။
ထို့ကြောင့် တကယ့်ပါရဂူတွေနှင့် တိုးတိုးတိတ်တိတ် ပြန်လည်ကုသရခြင်း။ထိုအထဲမှာ လီနို ရဲ့ အသိမိတ်ဆွေ ဂျက် လည်းပါနေတာမို့ လီနို့ကို လေးစားတဲ့သူပီပီ အကူအညီတောင်းလာသည်။
တကယ်လည်း အကျိုးရှိပါတယ်။ဦးနှောက်အစားထိုးခွဲစိတ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ။တစ်ရာမှာ တစ် ရာခိုင်နှုန်းလောက်ပဲရှိတဲ့ အမျိုးအစား။အောင်မြင်ဖို့ကလည်း ဘုရားနားငြီးအောင်ဆုတောင်းဖို့လိုသေးသည်။
ခန္ဓာကိုယ်မှာ တစ်ခြားအစိတ်အပိုင်းတွေကသာ အစားထိုးကုသဖို့လွယ်တာလေ။လီနို အတွေ့အကြုံအသစ် ပညာသစ်တွေရလိုက်ရပါတယ်။
"ဘယ်နေ့အိမ်ပြန်မှာလဲ မန်နိုဘန်"
ဂျက်က လီနို့ ကို မျိုးရိုးနာမည်သာခေါ်သည်။ခေါ်ကောင်းလို့တဲ့လေ။
"မနက်ဖြန်ပြန်မှာ လေယာဉ်လက်မှတ်ဖြတ်ပြီးပြီ အိမ်သူကတော့ ပြန်မလာနဲ့ပြောသွားလေရဲ့"
"မန်နို့ဘန့်ကို ဇနီးသည်က သိပ်ချစ်ပုံပဲ"
"မထင်မိပါဘူး ဂျက်ရေ ကဲ ဒါဆို ကျွန်မသွားတော့မယ် တစ်ခုခုဆို ဆက်သွယ်ပေးပါဦး"
"အမ်း တစ်ခုတော့သတိထားပါ မန်နိုဘန်"
"ဘာများလဲ"
"ဒီလို case ကို ကိုင်ထားတဲ့အတွက် ရန်ပြုခံရနိုင်တယ်"
"ဇနီးသည်နဲ့ကျွန်မကလေးတွေမထိခိုက်သရွေ့တော့ ကျွန်မအဆင်ပြေပါတယ် ကျန်တာတော့မကြောက်တတ်ဘူး ဂျက်"
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanfictionလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)