မနက်မိုးလင်းတော့ မနက်စာအတွက် ထမင်းစားခန်းမှာလူစုံတော့သည်။ပြဿနာကအဲ့မှာစတာပဲ။
မာနရှင်က စားပွဲမှာဝင်ထိုင်ပြီး လီရာတန်းစီထားတဲ့ခွက်တွေကိုကြည့်ကာ"ကော်ဖီခွက်က ဘာလို့လေးခွက်လဲ"
"မာမီ့အတွက်ပါ မာမား"
"ဒီအိမ်မှာလူသုံးယောက်ပဲရှိတယ် လီရာ"
ပြောပေါက်က စားပွဲ ခုံထိပ်မှာထိုင်နေတဲ့ လီနိုက အသက်မရှိသလို ကိုယ်ပျောက်နေသလိုလို။
"မာမား သမီးက..."
အယူခံဝင်ပေးဖို့ပြင်နေသမီးငယ်ကို လီနို လက်ကာပြလိုက်ပြီး
"နေပါစေ သမီး မသထာတာကိုစားရတာအဆိပ်လိုပဲတဲ့ အဲ့တော့ ကျန်းမာရေးမထိခိုက်အောင်ရှောင်တာကောင်းတယ် မာမီဆေးရုံကိုသွားတော့မယ် ကလေးတို့ .အယ်နို ညီမလေးကိုကျောင်းကိုသေချာပို့ပေးလိုက်နော် သားကြီး"
"ဟုတ်ကဲ့"
"ဒီမှာ ညနေကျ ဒီကို လာမအိပ်ပါနဲ့ ရှင်သွားမယ်လို့ပြင်ဆင်ထားတဲ့နေရာမှာသာ သွားအိပ်ပါဒါက အိမ် ခေတ္တာနားခိုသူတွေလာဖို့ဇရပ်မဟုတ်ဘူး"
ဆေးအိတ်ဆွဲလို့ ထထွက်ဖို့ပြင်နေတဲ့ လီနို ဟာ ဒီစကားကြားတော့ ဆက်ခနဲပြန်ထိုင်လိုက်ပြီး။သူမမျက်နှာကိုစေ့စေ့ကြည့်ကာ
"မင်းလာမအိပ်နဲ့ပြောလိုက်တာနဲ့ ငါကပြန်လာလို့မရတော့ဘူးလား ရူဘီကင် ရယ်ရတယ်ကွ မင်းစကားက မင်းကလူရွှင်တော်လုပ်သင့်တာ"
"လာရဲရင်လာကြည့်လေ ကျွန်မက လူရွှင်တော်ဆိုရင်တောင် ဂျိုကာပဲဖြစ်မှာ အရုပ်ကလေးဆိုရင်လည်း ချက်ကီလို ချစ်မွှေးပါတာမျိုးပဲဖြစ်ရမယ်"
မဲ့ရွဲ့ကာ လုပ်ပြနေတဲ့ ရူဘီ့မျက်နှာကို လီနို ဖြစ်ညှစ်ပစ်ချင်လာသည်။ထွက်လာတဲ့ဒေါသကိုအတတ်နိုင်ဆုံးထိန်းကာ
"မင်းက မာနရူးပဲ ရူဘီကင် ကြိုက်သလိုလုပ် ငါလည်း ငါလုပ်ချင်သလိုလုပ်မှာမို့"
ထထွက်သွားတဲ့ ကျောပြင်ကျယ်ကို လက်ထဲကကော်ဖီခွက်နဲ့ ပစ်ပေါက်မလို့ကြံနေတုန်း သမီးငယ်ရဲ့ကြောက်လန့်နေတဲ့မျက်ဝန်းတွေ သားကြီးရဲ့မျက်ဝန်းထဲကဝမ်းနည်းရိပ်တွေနဲ့ ရူဘီရင်ဆိုင်လိုက်ရသည်။
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanfictionလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)