Jiminအိပ်နေရာကနိုးတော့ အတန်း
ထဲတွင်သူနဲ့Jeon Jungkookကလွဲ၍
တခြားသူများမရှိတော့။ဟုတ်တာပေါ့...
ဒီအချိန်လောက်ဆိုအကုန်လုံးCanteen
ရောက်နေလောက်ပြီလေ။"နိုးပြီလား ထမင်းစားကြရအောင်"
ဘေးကJeon Jungkookကခုံ
ပေါ်တွင်ထမင်းဘူးကိုအဆင်သင့်
ဖွင့်ထားပြီးJiminကိုမေးဆတ်ပြ
ကာပြောသည်။အိပ်ချင်နေသည့်မျက်ဝန်း
များကိုသာအနည်းငယ်ဖိပွတ်၍Jeon Jungkookရဲ့ထမင်းဘူးထဲကဟင်းတွေ
ဆီJiminအကြည့်ရောက်သွားသည်။" ဒီနေ့အိမ်ကထမင်းချိုင့်မယူ
လာခဲ့ဘူး Canteenမှာသွားဝယ်
လိုက်အုံးမယ်"Jimin၌တကယ်ပင်ထမင်းဘူးပါမလာပါ။
အရင်ကJeon Jungkookနားချဉ်းကပ်ချင်
၍သာအိမ်ကထမင်းဘူးကြီးကိုဟန်ပြယူလာပြီး
ထိုသူနဲ့အတူစားရတာ။ဒီနေ့တော့ကျောင်းတတ်
ဖို့တောင်မသေချာမရေရာနဲ့တတ်ဖြစ်သွားတာ
ဖြစ်၍ဘာမှမယူလာမိ။"မသွားနဲ့ ငါ့ဆီကဘဲစား"
Canteenသွားရန်ခုံမှထလိုက်သော
Jiminလက်ကိုJeon Jungkookကဆွဲ
ထားပြီးပြန်ထိုင်စေ၍အသာတကြည်
ဘဲထိုင်လိုက်ရသည်။ထိုအခါမှJimin
လက်ထဲကိုတူတစ်ချောင်းကမ်းပေးလာသည်။
ထိုအပြုအမူကြောင့်Jiminပင်အံ့ဩသွားသည်။
Jeon Jungkookဆိုတာအရင်ကအဲ့လိုမှမဟုတ်တာ။အခုတော့Jiminကိုသူ့ရဲ့ထမင်းကိုပါလိုလိုလားလားခေါ်ကျွေးနေ၍ရုတ်တရက်ကြောင်စီစီလေးပင်ဖြစ်သွားသည်။Jiminစဥ်းစားနေတာကိုသိတဲ့အလားJiminကိုထည့်စားဖို့မျက်နှာရိပ်၊မျက်နှာကဲ ပြလာ၍ ယောင်ယောင်အအပင်ခေါင်းငြိမ့်ပြလိုက်ရသည်။
အားနာသော်လည်း ဒီအချိန်ပြည့်ကျပ်နေသည့်
Canteen၌တန်းစီပြီးထမင်းဝယ်မယ့်အစား Jeon Jungkookဆီကကပ်စားလိုက်တာလဲအဆင်ပြေပါတယ်ဟုဖြည့်တွေးလိုက်ပြီးအသာတကြည်ထိုသူ့ ဟင်းတွေ၊ထမင်းတွေကိုJiminယူစားလိုက်သည်။Jeon Jungkookရဲ့ဟင်းတွေကတော့တကယ့်ကိုစံပင်။အရံဟင်းကင်ချီကိုတောင်သေချာသိပ်ထားပုံရပြီးအလွန်အရသာရှိလွန်းလှသည်။ဒီလိုလက်ရာမျိုးကိုကြည့်ခြင်းအားဖြင့်Jeon Jungkook၏အမေဖြစ်သူသည် အိမ်ထောင်မှုနိုင်နင်းမည့်မိန်းမတစ်ယောက်ဖြစ်မည်ဟုပင်Jiminကောက်ချက်ချလိုက်မိသည်။
YOU ARE READING
𝐦𝐲 𝐝𝐞𝐚𝐫𝐞𝐬𝐭 𝐞𝐱-𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝
Fanfictionအချစ်ဆုံးရည်းစားဟောင်းလေးနှင့်ပြန်လည်ဆုံတွေ့ခြင်း..... Mini story