"မင်းက ဘာလဲ!!"
အလန့်တကြားအော်သည့် ဟိုဆော့ကြောင့် ထယ်ယောင်းနားပင် အူသွားရသည်။ ပြဿနာတော့ တက်နေပြီ။ မင်္ဂလာဦးညလေးမှာ အေးအေးဆေးဆေး နှစ်ပါးသွားရမလားထင်ခဲ့တာ ခုတော့ သူ့မျက်နှာမြင်တာနဲ့ သရဲမြင်သလို လန့်နေသည့် အရဲတင်းလေးကြောင့် ခေါင်းခြောက်ရပြီ။
"ကိုယ်ရှင်းပြမယ်"
"ငါ့အနားမလာနဲ့!! မင်းကဘာလဲ...ကင်မ်ထယ်ထယ်ရဲ့ အမွှာလား!!...ဘာလို့ ကြက်သီးထစရာကောင်းလောက်အောင် တူနေတာလဲ!"
"ကိုယ်က ကင်မ်ထယ်ထယ်ပါ"
အလောတကြီး ပြောလိုက်မိသည့် မိမိစကားဟာ အဓိပ္ပာယ်မပြည့်စုံ ဖြစ်သွားသည်။ ဒါကို ကြားတော့ အရဲတင်းလေးက မျက်မှောင်ကြီး ကျုံ့ကာ...
"ဒါဆို မင်း...မင်း...မင်းက ဟိုလို ကြီးလား။ နှစ်ဖက်ချွန်လေ...စားလည်းစားတယ် အစားလည်းခံတယ်....အီးးး"
ကြားလိုက်ရသည့် မိမိနားတောင် မယုံချင်လောက်အောင်ကို ဖြစ်သွားရသည်။ သူ့လို ရေမရောတဲ့ အယ်လ်ဖာစစ်စစ်ကို နှစ်ဖက်ချွန်တဲ့လား...။ သွားပြီ၊ သူ့ဘဝက ဒီအိုမီဂါနဲ့တွေ့မှ ရစရာတောင် မရှိတော့ပါ။
အီးပုံ ကြည့်နေရသလိုလို မသတီသလိုလို ဖြစ်နေတဲ့ ဟိုဆော့က...
"မင်းက ဧကရာဇ်ဂျွန်နဲ့လည်း ဟိုလို ဟိုလို၊ အခု ငါ့ကို ဟိုလို ဟိုလို ဖြစ်ချင်လို့ လိမ်ယူတာလား!!! အား!! ရူးနေတဲ့ကောင်....ဧကရာဇ်ဂျွန်က သူ့မစားချင်တော့တာကြီး ငါ့ကို ပစ်ပေးလိုက်တာလားးးးးးးး"
"ဟား ဟား ဟား"
အိမ်ရှေ့စံတစ်ယောက် အိုမီဂါ၏ စကားလုံးတွေထဲမှ မိမိ၏ ဘဝကို တွေးကြည့်မိတဲ့အခါ ယူကြုံးမရဖြစ်ကာ ရယ်သာ ရယ်နိုင်တော့သည်။
"ငါ ထင်တော့ထင်ပါတယ်၊ မင်းလို အကြီးကြီးက အိုမီဂါမဖြစ်နိုင်ဘူးလို့..။ လက်စသက်တော့ ဧကရာဇ်ဂျွန်ရဲ့ အကြိုက်က ဒီလိုကြီးလား..။ alpha အချင်းချင်းကြိုက်တာ လက်ခံနိုင်ပါသေးတယ်။ ဟိုမရောက် ဒီမရောက်ကြီးတော့ မလုပ်နဲ့လေ!! အခု ငါ့ကို လှည့်စားပြီး လက်ထပ်တာ ဘာသဘောလဲ...!! "
YOU ARE READING
THE ANTIVENOM OF VENOMOUS MONARCHY
Fanfictionဧကရာဇ်ဂျွန်မှာ ဘုရင်ငယ်လေးတစ်ပါးရှိတယ်။ ဧကရာဇ်ဂျွန်က အဆိပ်ပြင်းရင် ဘုရင်ငယ်လေးက ဖြေဆေးတစ်ခုပဲ။ #1 - jikook (20 July,2024) Started - 17May, 2024