♎️Chapter 28
ရှန်းရှီကော ဆိုင်ထဲသို့ ဝင်လာသည်ဟု ယွမ်ယဲ့ ပြောသည်ကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ဖုယွမ်ကျိုး၏ နှလုံးသား ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး မျက်နှာကို အောက်သို့ ငုံ့ချလိုက်သည်။
မီနူးစာအုပ်ကို တချိန်လုံး ကိုင်ထားခြင်းကြောင့်လည်း အာရုံစိုက်ခံရနိုင်သောကြောင့် ယွမ်ယွဲ့က လက်ကိုအောက်ချလိုက်ပြီး မျက်လုံးများဖြင့် အသံတိတ် မေးလိုက်သည်။ ဖုယွမ်ကျိုး ကိစ္စမရှိကြောင်း ဖြည်းညှင်းစွာ ခေါင်းခါပြလိုက်ကာ သူ့လက်ကို မြှောက်လိုက်ပြီး မျက်နှာဘေးတွင် ကာထားလိုက်သည်။
လက်ရှိ ရှန်းရှီကောမှာ သူ့မျက်နှာကို မမြင်ဖူးသေးပေ။ ထို့ကြောင့် သူ့ကို မှတ်မိမည် မဟုတ်ပေ။ သို့သော် ၎င်းက သူ့ပင်ကိုယ် ကြောက်စိတ်ပင်။ ရှန်းရှီကော ထံမှ မည်သည့် အာရုံစိုက်မှုကိုမျှ မခံလိုချေ။ ထိုမျက်ဝန်းပြာများနှင့် ပိုလို့ပင် မဆုံချင်ပေ။
"မင်း အဆင်ပြေရဲ့လား..."
ယွမ်ယဲ့ သူတို့နှစ်ယောက်သာ ကြားရလောက်မည့် လေသံဖြင့် မေးလိုက်သည်။" ငါ သူ့ကို ထွက်သွားအောင် လုပ်လိုက်မယ်"
"မလုပ်နဲ့"
ဖုယွမ်ကျိုး၏ နှလုံးခုန်နှုန်းက မြန်ဆန်နေပြီး စားပွဲပေါ်တွင် တင်ထားသော လက်များက အနည်းငယ် တင်းကျပ်နေသည်။ သို့သော် သူ တည်ငြိမ်နေသည့်ပုံစံကို အကောင်းဆုံး ထိန်းသိမ်းနေသည်။" ငါ ဘယ်လိုပုံစံလဲဆိုတာ သူ မသိဘူး အဲ့တော့ အဆင်ပြေပါတယ်"
ယွမ်ယဲ့က အနည်းငယ် အံ့အားသင့်သွားပြီး ရှန်းရှီကောကို ကြည့်လိုက်သည်။ ဒီလူက ဖုယွမ်ကျိုးကို လုံးဝ မမြင်ဖူးသေးဘူး ဒါပေမယ့် ဖုယွမ်ကျိုး သူ့ကို အရမ်းကြောက်နေတာ သူတို့ကြားမှာ ဘာဖြစ်ခဲ့တာလဲ...။
ယခုအချိန်တွင် စကားပြောရန် အဆင်မပြေပေ။ ထို့ကြောင့် ယွမ်ယဲ့ ဘာကိုမျှ မမေးမြန်းခဲ့ပေ။ တမင်တကာပင် သူ တည်ငြိမ်နေသည့်ပုံကို ပြသခဲ့ပြီး ဖုယွမ်ကျိုးနှင့်အတူ တခြားအကြောင်းအရာများကို ပြောနေလေသည်။ အကယ်၍ သူတို့ တိတ်ဆိတ်လွန်းပါက ထူးဆန်းနေမည်ဖြစ်သည်။
![](https://img.wattpad.com/cover/368446293-288-k997353.jpg)
YOU ARE READING
အိုမီဂါအဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကိုလိုချင်နေကြတယ်
FantasyBL, Omegaverse story