.....
ကောင်းမှူတော် ဘုရားရင်ပြင် တစ်နေရာမှာဖြစ်သည်
မိုးပြာရောင် လည်ဂတုံးတီရှပ်လက်ရှည်နှင့် အပြာရင့်ရောင်လုံချည်ကို တွဲဖက်၀တ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက် ဘုရားကန်တော့နေသည်...ထိုကောင်ကလေး၏ ရှည်သွယ်လှပသော လက်ချောင်းသွယ်ကလေးများမှာ မြင်သူသတိထားမိချင်စရာကောင်းအောင် ထူးထူးခြားခြား လှပရှည်သွယ်နေသည်...
လေအ၀ေ့မှာ လှုပ်ခတ်သွားတဲ့ ဆည်းလည်းသံလေးများမှာလည်း သာယာနာပျော်ဖွယ်အတိ
ဘုရားဖူးလာသူ တစ်ချို့ရှိနေပေမဲ့ များများစားစားတော့မဟုတ်...
ဘုရားရှီခိုးပြီးနောက် အပင်ရိပ်တစ်ခုအောက်မှာထိုင်စေပြီး ဘုရားတရားရိပ်မြုံအောက်မှာရှိနေချိန် ရသည့် အေးချမ်းမှူကို သူတို့အပြည့်အ၀ခံစားကြည်နူးနေမိကြတယ်....သစ်ရွက်ခြောက်ကလေးများက လူးလွန့်ပျံ၀ဲကာ သူတို့အနီးနားကို ကြွေကျနေတယ်
Shine လက်နဲ့လိုက်ဖမ်းရင်း ပြုံးရယ်နေပုံကို vita ငေးကြည့်လို့မဆုံးတော့....မြင်ရခဲတဲ့ မြန်မာ၀တ်စုံ ကလေးနဲ့မို့ vita မျက်လုံးထဲ တစ်မျိုးဆန်းကာ မနက်ကတည်းက အကြည့်မခွာနိုင်ဖြစ်နေခဲ့ရသည်မဟုတ်လား....
မိုးပြာရောင်ဟာ shine ရဲ့ fav color ပေါ့
သူအကြိုက်ဆုံးအရောင်ကလေးနဲ့ အတိုင်းအဆမရှိလိုက်ဖက်တင့်တယ်နေပုံများ အ၀တ်အစားကိုပင်မနာလိုဖြစ်ချင်မိသေးသည်......မိုးပြာရောင်တွေ သိပ်မ၀တ်ပါနဲ့လား အချစ်ရယ် မင်းနဲ့လိုက်ဖက်တာ ကိုယ်ပဲရှိချင်လို့ ...
Vita စိတ်ထဲကနေပြောလိုက်မိတယ်
အပြင်ထုတ် ကြူးလိုက်ရင်တော့ မျက်စောင်းလှလှကလေးပြန်ရမှာသေချာသလောက်ပင်....
"ဘာလို့ဆက်တိုက် ထိုင်ကြည့်နေရတာလဲ..."
Shine ထုတ်မေးရတဲ့အထိဆိုတာ့ vita ဘယ်လောက်ထိထိုင်ငေးကြည့်ခဲ့သလဲ ပြောနေစရာလိုတော့မည်မထင်....
"သဘောကျလို့လေ သဘောကျလို့ကြည့်တာပေါ့ကလေးရဲ့...."
"မျက်တောင်တော့ ခပ်ပါဦး..."