ကြမ်းတမ်းသောအမှောင်ညများ-(Part-5)
''ဘယ်လို ဘယ်လို ကျွန်မနားကြားများမှားသွားတာလားမနွယ်ရယ်''
''အို မမှားဘူး မမှားဘူးရယ်၊ နွယ် တကယ်ပြောတာပါ၊ သမီးဥဒေါင်းလေးနဲ့ သားကြီးဇမ္ဗူဒီပါကို လက်ထပ်ပေးချင်တဲ့အကြောင်း မေနွယ်ယိမ်းကို နွယ် တလေးတစား ကမ်းလှမ်းရတာပါ''
ဥဒေါင်းမြူရဲ့မိခင် ဒေါ်မေနွယ်ယိမ်း အံ့ဩသလိုမျက်နှာထားနဲ့ ဘာမှမပြောနိုင်ဘဲ နှုတ်ဆိတ်နေသည်။
''မေနွယ်တို့ အခုဖြစ်နေတဲ့ အခက်အခဲတွေအားလုံး နွယ်ဘက်က ကူညီပေးချင်တယ်''
''နွယ် သမီးလေးကိုချစ်တာတော့နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့အခက်အခဲကို ဖြေရှင်းပေးဖို့လောက်နဲ့ သမီးလေးကို လက်ထပ်ပေးဖို့ဆိုတာက နည်းနည်းလေးမှ မအပ်စပ်သလားလို့''
မေနွယ်ယိမ်းမျက်လုံးထဲမှာ ဥဒေါင်းလေးက ကလေးလေးအတိုင်း ကလေးသာသာရှိသေးတဲ့သမီးလေးကို ဘယ်လိုလုပ်ပြီး ယောကျ်ားပေးစားချင်မှာလဲ။
ထိုအခါ ဒေါ်ပန်းဟေနွယ်က ဒေါ်မေနွယ်ယိမ်းကို တချက်ကြည့်လာ၍...
''ဘာလဲ နွယ်တို့ရဲ့သားကြီးက ကလေးတစ်ယောက်အဖေဖြစ်နေလို့ လက်မခံချင်တာလားဟင်''
''အို အဲလိုမျိုးမဟုတ်ပါဘူးနွယ် မဟုတ်ပါဘူးကွယ်၊ ကျွန်မတို့မှာ ဒီလိုစိတ်ဓာတ်မျိုး လုံးဝမရှိရပါဘူး၊ ဒီအချိန်မှာ တစ်ဖက်လူက ဘယ်သူကြီးဖြစ်ဖြစ် သမီးရှင်တစ်ယောက်အနေနဲ့ သမီးတစ်ယောက်ကို နှမြောတာတော့ သာမန်ပဲမလား၊ ကျွန်မတို့ကို ဒီလိုမစွတ်စွဲလိုက်ပါနဲ့မနွယ်ရယ်၊ ကျွန်မတို့မှာဒီလိုစိတ်ထားမျိုးလုံးဝမရှိရပါဘူး''
'' ဆောရီး နွယ် စကားနည်းနည်းလေးကြမ်းသွားတယ်၊ နွယ်လည်း သမီးဥဒေါင်းလေးကို သမီးအရင်းလေးလိုချစ်တာ မေနွယ်တို့အသိပဲလေ၊ ဒါကြောင့် သားကြီးနဲ့အကြောင်းပါစေချင်ခဲ့တာပါ၊ ဒို့ကိုစဉ်းစားပေးစေချင်တယ်ကွယ်''
ဒေါ်ပန်းဟေနွယ်ဘက်က မလျှော့ဘဲ ပြောလာတော့ မေနွယ်ယိမ်း ဘာမှမပြောနိုင်တော့ပေ။
YOU ARE READING
ကြမ်းတမ်းသောအမှောင်ညများ🚨🚨🔞
Romanceအခန်းတိုင်းလိုလို warningပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် 🍼🍼🌚🌚🚨🚨