[၂၇၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။

1.7K 354 8
                                    

Arc(11)ရှစ်တိကနဂါးတစ်ကောင်ပဲ(၂၄)။

ဒေါင်းအိုကြီးကအရင်ဆုံးဒေါင်းအနည်းငယ်ကိုဟူကျို့မင်တို့နှစ်ယောက်ကိုခေါ်ပြီးထွက်သွားခိုင်းလိုက်ပေမဲ့ချီလင်ကနိုးလာသည်။

ချီလင်ကဒေါင်းအိုကြီးကိုမြင်သွားတော့သူလည်းအံ့အားသင့်ကာပျော်ရွှင်သွားလေသည်။ လင်ခုံးလုကသူနှင့်အတူဖီးနစ်သချိုင်းကိုသွားဖို့ပြင်နေတာမှန်းသူသိလိုက်ရတော့သူနှင့်ဟူကျို့မင်ပါလိုက်မည်ဟုအလျင်စလိုပြောလိုက်သည်။

ဟူကျို့မင်: ငါလိုက်ချင်တယ်လို့ဘယ်တုန်းကပြောလိုက်မိလို့တုန်း?

ဒါပေမဲ့ထားလိုက်ပါတော့လေ၊ ဒီမှာအရမ်းလှတဲ့ငှက်တွေအများကြီးရှိနေတော့သူ့မျက်စိတွေကျိန်းလာပြီ။ ဒီလိုဆိုမှတော့သူဖြစ်နိုင်ရင်သူတို့ကိုမကြည့်တာပိုကောင်းမယ်။

ဒီတော့ဒေါင်းအိုကြီးကသူတို့ကိုဦးဆောင်ခေါ်သွားကာဒေါင်းအုပ်ကိုဖြတ်ကျော်ပြီးဖီးနစ်အုတ်ဂူဆီခပ်သွက်သွက်လျှောက်သွားလိုက်သည်။

ဒေါင်းငယ်လေးများမှာလူငယ်လေးများအဖြစ်ပြောင်းသွားကာစပ်စုချင်စိတ်နှင့်အနောက်ကလိုက်သွားပြီးလင်ခုံးလုကိုကြည့်ကာတီးတိုးပြောလိုက်သည်။
"သူကငါတို့ငှက်တွေရဲ့ဘုရင်ဖီးနစ်သခင်လေးလေ။'

"ငါခုနကမြင်လိုက်တယ်၊ သူ့ငှက်မွှေးတွေကအရမ်းလှတာပဲ။"

"သူကငါနဲ့အသက်တူတူပဲထင်တယ်။"

မတော်တဆကြားသွားသည့်လင်ခုံးလု: "....." အမှန်တော့ငါကအသက်နှစ်သုံးရာကျော်ရှိနေပြီရယ်။

ဒေါင်းအိုကြီးကလည်းကြားသွားပြီးကူကယ်ရာမဲ့စွာအနောက်လှည့်ကာဝတ်ရုံဖြူနှင့်လူငယ်လေးကိုခေါ်ပြီးပြောလိုက်သည်။
"ခုန်ရှီ၊ မင်းရဲ့ညီအစ်ကိုမောင်နှမတွေကိုခေါ်ပြီးတစ်နေရာရာမှာသွားကစားချေ။"

ဝတ်ရုံဖြူနှင့်လူငယ်လေးကအလျင်စလိုခေါင်းငုံ့ကာတရိုတသေဆိုလာသည်။
"ဟုတ်ကဲ့ပါအဖေ။"

ထို့နောက်သူကဒေါင်းဖြူလေးဖြစ်သွားကာဒေါင်းငယ်လေးအုပ်စုကိုခေါ်သွားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now