Chapter 17: စိတ်ဆိုးအောင်ထပ်စနေပြန်ပြီ (Part - 1)အနောက်အရပ်သို့ဝင်လုဆဲဆဲနေရောင်ကြောင့် ကောင်းကင်တစ်ခွင်လုံးက ကြက်သွေးရောင်သန်းနေသည်။ လက်ရှိရာသီဥတုအခြေအနေက မွန်းလွဲပိုင်းတွင်ပူပြီး မနက်ဝေလီဝေလင်း နှင့် ညနေစောင်းချိန်များတွင်အေးစိမ့်စိမ့်လေးဖြစ်နေသည်။ ညနေခင်း၏လေပြည်ကြောင့်စိုက်ခင်းထဲရှိ ပျိုးပင်များကလေယူရာယိမ်းနွဲ့ကာ ဟန်ရေးပြနေကြသည်။
ကလေးငယ် ဝေ့ယွမ်ဟန် တစ်ယောက် ခုန်ဆွခုန်ဆွနှင့်အရှေ့သို့ခပ်သွက်သွက်လှမ်းနေသည်။ အိမ်တွင်တစ်နေကုန်နေရသည်မှာပျင်းစရာကောင်းလှသောကြောင့် သူ့အဖေ ဝေ့ကျန့်ဝေ့ နှင့်အတူရုပ်ရှင်သွားကြည့်ရန် ဟဲ့ရှောင်ယွင်ကို ဂျစ်တိုက်နေခြင်းဖြစ်သည်။ ဖုန်းချိုးယွဲ့ကမူ အိမ်သန့်ရှင်းရေးလုပ်ရန် နေရစ်ခဲ့သည်။
ဝေ့ကျန့်ဝေ့ က ခုံတန်းရှည်ကြီးတစ်ခုကိုလက်ထဲတွင်သယ်လာသည်။ ထိုခုံတန်းရှည်က လူသုံးယောက်မျှထိုင်ရန်ကောင်းကောင်းဆန့်သည်။ ရုပ်ရှင်လာကြည့်သူတိုင်း ကိုယ့်ထိုင်ခုံကိုယ်ယူလာရသည်။
"ဖေဖေနဲ့မေမေရေ...မြန်မြန်လေးလုပ်ပါ"။ ကလေးငယ်က အေးအေးလူလူလမ်းလျှောက်နေသော မိဘနှစ်ယောက်ကိုစိတ်မရှည်ဖြစ်လာပုံရသည်။ ဟဲ့ရှောင်ယွင် လည်း စိတ်လောနေသည့် ကလေးငယ်ကိုဖျောင်းဖျရသည်။ "ပတ်ပြေးမနေနဲ့...အချိန်တန်ရင်ရောက်မှာပေါ့...စိတ်မလောနဲ့လေ...သားရဲ့"
ကလေးငယ်ကစိတ်မရှည်သလိုသက်ပြင်းချရင်း သူ(မ)၏လက်ကိုလာဆွဲသည်။ နေက်လက်တစ်ဖက်ကလည်း ဝေ့ကျန့်ဝေ့ ၏လက်ကိုဆွဲကိုင်ရင်းပြောလာသည်။ "မေမေ...သားပျံချင်တယ်"။
"ဘာကိုပျံမယ်ပြောနေတာလဲ...လမ်းပဲအေးအေးဆေးဆေးလျှောက်စမ်းပါ" ဟဲ့ရှောင်ယွင် တစ်ယောက် နှစ်ခါပြန်မစဥ်းစားပဲ ကလေးငယ်၏တောင်းဆိုချက်ကိုငြင်းဆိုလိုက်သည်။ ရေချိုးပြီးတာမှမကြာသေး။ ထပ်ပြီးချွေးတွေနဲ့မညစ်ပတ်ချင်တော့ပေ။
ထိုအခါ ကလေးငယ်ကမျက်နှာဆူပုတ်လျှက် သူ(မ)ကိုလက်တွဲဖြုတ်ပြီး ဝေ့ကျန့်ဝေ့ ၏ ခြေသလုံးကိုသွားဖက်သည်။ "ဖေဖေ...သားကိုချီပါဦး"
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceMMtrans-9 : Dressed up as a Real Mom Status in Coo: 61 Chapter+1 Extra. paid gp- 1500MMK.