ဟင့်မေမေဒါဆို တကယ်ပေါ့နော် "Jeongwooဝမ်းနည်းနေရမယ့်အစားပျော်လွန်းလို့ဝမ်းသာနေမိတယ်မကြာခင်မှာသူ့ဘဝထဲကိုနောက်ထပ်ချစ်ရမယ့်သူလေးကရောက်လာတော့မှာပေါ့
" သားအစစအရာရာဂရုစိုက်တစ်ခုခုမသိတာရှိရင်မေမေ့ကိုဖုန်းဆက်နော်သား "
" ဟင့်အင်းသားမေမေနဲ့တူတူနေလို့မရဘူးလားဟင် "
" ဘယ်ရမလဲသားရဲ့သားကအိမ်ထောင်သည်ဖြစ်တော့မှာလေနေမေမေကသားနဲ့ဘယ်လိုနေလို့ရပါ့မလဲအစကမေမေသား rutoကိုစိတ်ဆိုးမိပေမယ့်မေမေ့သားလေးကိုကောင်းကောင်းမွန်မွန်ထားလို့မေမေစိတ်ချရပြီလေအခုဆိုငါ့သားလေးကဝက်ကလေးနဲ့တောင်တူနေပြီ "
" ဟွန့်မေမေကလည်း "
" ဟုတ်တယ်မဟုတ်ဘူးလားဟီးဟီး အော်သား! "
" ဗျာမေမေ "
Mrs, Park ကသက်ပြင်းကိုခပ်ဖွဖွချကာ
" Rutoကပြောပြတယ်သားကသူ့ကိုစိတ်ဆိုးနေတယ်ဆို "
" ........... "
" ဘာအကြောင်းနဲ့ပဲစိတ်ဆိုးဆိုးသားသူ့ကိုအဲ့လိုတော့မရက်စက်သင့်ဘူးသား သားကမကြာခင်ပဲအဖေတစ်ယောက်ဖြစ်လာတော့မှာပဲလေ Rutoကသားကိုဂရုစိုက်ပါတယ်သားရယ် "
" အခုချက်ခြင်းကြီးတော့သားခွင့်မလွှတ်နိုင်သေးပေမယ့် ဖြေးဖြေးခြင်းခြင်းအချိန်ယူကြည့်ပါ့မယ်မေမေ "
" အင်းပါဟုတ်ပါပြီအခုတော့သားနားလိုက်အုံးနော်သား "
" ဟုတ် "
Mrs, Parkတစ်ယောက် Jeongwooကိုရင်ဘက်နားအထိစောင်ကိုဆွဲခြုံပေးပြီးအခန်းထဲကနေအပြင်ထွက်ရန်အလုပ်အခန်းဝကနေ Jeongwooကိုမသိမသာလေးချောင်းနေတဲ့ Harutoကိုတွေ့လိုက်တယ်
" သားအထဲဝင်လေ "
" အာ...နေပါစေမေမေကျွန်တော်မဝင်တော့ပါဘူး "
Mrs, Parkထပ်မံပြီးသက်ပြင်းကိုခပ်ဖွဖွချလိုက်ရင်းကနေ ' ဟူးဒီနှစ်ယောက်လုပ်ပုံနဲ့တော့ငါလဲကြာရင်အသက်တိုမှာပဲ ' ဆိုပြီးစိတ်ထဲရေရွတ်လိုက်ပြီးနောက်ပြုံးကာ
" သား Jeongwooလေးကိုပိုပြီးဂရုစိုက်ပေးပါသူကအခုကိုယ်ဝန်နုနေသေးတော့စိတ်အတက်အကျမြန်တယ်သားရဲ့ပြီးတော့သူ့ကိုစိတ်ရှည်ပေးပါ၊သားလဲသိတယ်မဟုတ်လားသူကလုပ်ချင်တဇွတ်ထိုးစိတ်ဆိုးစိတ်ကောက်ကလည်းသန်သေးတယ်အဲ့ဒါကြောင့်ပါ "
ယောက္ခမကြီးကစိတ်ရှည်ရှည်ရှင်းပြနေတော့ Harutoကပြုံးပြုံးလေးနားထောင်နေရင်းစကားအဆုံးမှာ
" ဟုတ် မေမေသားသူ့ကိုအရင်ကထင်ပိုပြီးဂရုစိုက်တော့မှာပါ၊ သူ့ကိုရောကျွန်တော်တို့ရဲ့ရင်သွေးလေးကိုပါအစွမ်းကုန်ကာကွယ်သွားမှာပါပြီးတော့ Jeongwooလေးကအဲ့လောက်လဲမဆိုးပါဘူးမေမေရဲ့ "
^^^^^^^^^^^^^^^^^^^^
Time skip ( ၁ပတ်ခန့်ကြာသော် )
" ခလေး! ခလေးအော်မပြေးနဲ့ချော်လဲကုန်အုံးမှဖြင့် ဒါလေးကုန်အောင်စားလိုက်ပါနော်လိမ္မာပါတယ်ခလေးရယ်..."
Harutoတစ်ယောက်ထမင်းမစားချင်လို့ပတ်ပြေးနေသည့် Jeongwooရဲ့နောက်ကိုချော်လဲမည်စိုး၍သူ့မှာရင်တမမနဲ့ထမင်းပန်းကန်ကြီးကိုင်ပြီးလိုက်ဖမ်းနေရသည်
" ဟင့်အင်းမစားချင်ဘူးဆိုနေခေါက်ဆွဲပြုတ်ချဉ်ချဉ်စပ်စပ်လေးပဲစားချင်တာပါဆို "
Jeongwooနှုတ်ခမ်းလေးတဆူဆူနဲ့ပြောတော့ Harutoမှာအသဲယားလို့မဆုံးပင်၊သူ့ခလေးလေးကကိုယ်ဝန်စရှိတဲ့နေ့ကစပြီးအရင်ကထက်ပိုပိုပြီးချစ်ဖို့ကောင်းလာသလို ယောက္ခမကြီးပြောသလိုပဲစိတ်ဆိုးစိတ်ကောက်ကလဲပိုသန်လာသလို၊သူလိုချင်တာမရမခြင်း Harutoကိုဆက်တိုက်ဂျစ်နေတော့တာအခုလည်းကြည့်ထမင်းမစားချင်လို့ပတ်ပြေးနေပြန်ပြီ
" ဟာခလေးကလည်းကွာကိုယ်ဝန်ဆောင်ဆိုတာအပူတွေအစပ်တွေမစားရဘူးခလေးရဲ့တော်ကြာကိုတို့ကလေးလေးမွေးလာရင်ထိပ်ပြောင်လေးဖြစ်နေမှဖြင့် "
Jeongwoo မျက်နှာဟာချက်ခြင်းဆိုသလိုထိန့်လန့်သွားတဲ့ပုံစံဖြစ်သွားပြီး
" ဟင့်အင်းအဲ့လိုဖြစ်လို့မရဘူးလေ "
" အဲ့လိုဖြစ်လို့မရဘူးဆိုရင်ဒီတစ်ပန်းကန်လေးပဲကုန်အောင်စားလိုက်ပါအချစ်ရယ်နော်လိမ္မာပါတယ်ကွာ "
Harutoသနားကမားမျက်နှာလေးလုပ်ပြီးတောင်းဆိုတော့
" အင်းပြီးရောစားမယ်ခွံ့ကျွေး "
Harutoမျက်နှာဟာပြုံးရောင်သန်းသွားပြီး
" လိမ္မာလိုက်တာကွာကိုကို့ခလေးကကိုကိုခွံ့ကျွေးမယ်နော် အာ.... "
" အာ.... "
Harutoလုပ်သလိုလိုက်လုပ်တော့ကလေးဖေဖေကချစ်ဖို့ကောင်းလိုက်ပုံများ Jeongwooကိုဖျစ်ညှစ်ပြီးအားရပါးရဖက်ပစ်လိုက်ချင်မိတယ်၊ ဒါပေမယ့်လည်းအဲ့နေ့ကိစ္စပြီးကတည်းက ခလေးကသူ့ကို, ကိုကိုလို့တောင်မခေါ်တော့ဘူးလေ
___________________
မကောင်းတာလေးကိုသည်းခံပြီးဖတ်ပေးကြလို့အားလုံးကိုချစ်တယ်နော်💓